Blind
ဒီဇာတ်လမ်းလေးထဲမှာတော့ မောင်ဖြစ်သူကို စာမေးပွဲနားနီးလို့ ကလပ်ကနေ အတင်းပြန်ခေါ်လာရင်း ထွက်ပြေးမှာစိုးလို့ လက်ထိပ်ပါခတ်ခဲ့မိတဲ့ အစ်မဖြစ်သူဂျီရာ။ ကားမောင်းရင်း မောင်နှမနှစ်ယောက်စကားများရာကနေ မတော်တဆမှုဖြစ်ခဲ့ပြီး...။ ဂျီရာက လွတ်မြောက်ခဲ့ပေမဲ့ မောင်ဖြစ်သူကတော့ လက်ထိပ်ခတ်ခံထားရတာကြောင့် ကားထဲက ထွက်မရဘဲ သေဆုံးသွားခဲ့ပါတယ်။ ဒီမတော်တဆမှုကနေ အမြင်အာရုံကို ဆုံးရှုံးခဲ့ရပြီး အာဏာကို အလွဲသုံးစားလုပ်တဲ့အတွက်ကြောင့် ရဲရာထူးကနေပါ အထုတ်ခံခဲ့ရပါတယ်။ တစ်နေ့မှာတော့ ဂျီရာက သူ့ရဲ့အဖော်ဖြစ်သူခွေးလေး အယ်ဇာကို အိမ်မှာထားခဲ့စဉ် လမ်းမှာ စိတ္တဇပြန်ပေးဆွဲသမားနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဒီကနေ စပြီးတော့ ဂျီရာဟာ ကျန်တဲ့ အာရုံခံစနစ်တွေနဲ့ သူ့ပင်ကိုယ်အစွမ်းအစတွေကို ကောင်းမွန်စွာ အသုံးချပြီး ရဲအရာရှိတွေကို တရားခံဖမ်းဆီးရေးမှာ ဘယ်လိုမျိုး အကူအညီတွေပေးသွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီကားလေးက 2011 Korean Crime Thriller ကို remake လုပ်ထားတာဖြစ်ပေမဲ့ မျက်မမြင်ကောင်မလေးရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှုတွေကို သေချာခံစားလို့ရနိုင်မယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း