ဇာတ်ကားများ ရွေးရန်

Tarla

2023ဇာတ်ကားWeb-dl 1080p

7-star Hotelsတွေက နာမည်ကြီးစားဖိုမှူးတွေလို အဆင့်ရှိပေမဲ့ မိသားစုအတွက် အိမ်မှာပဲနေပြီး ထမင်းဟင်းချက်ပေးနေရတဲ့ အမျိုးသမီးတစ်ချို့။ ဟင်းချက်တယ်ဆိုတာ အနုပညာတစ်မျိုးဖြစ်ပြီး အဲ့အနုပညာကိုအသုံးချပြီး ကိုယ်လိုချင်တာကို ရယူလို့ရပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ တာလာဆိုတဲ့ အိမ်ရှင်မတစ်ယောက်က တက္ကသိုလ်တက်စဉ်ကတည်းက " ကိုယ့်ဘဝမှာ မှတ်ကျောက်တစ်ခု တည်ဆောက်ချင်ခဲ့တဲ့သူပါ" ဒါပေမဲ့လည်း အိမ်ထောင်သက်ဆယ်နှစ်ကျော်တဲ့အထိ အဲ့အတွက် ဘာလုပ်ရမယ်မှန်းမသိခဲ့ပါဘူး။ တစ်နေ့မှာတော့ ယောက်ျားဖြစ်သူအတွက် သားသတ်လွတ်ဟင်းတွေကို အသားပါသလိုအရသာရှိအောင်ချက်ပေးဖို့ ကြိုးစားရင်း လက်ရာတွေ တိုးတတ်လာခဲ့ပါတယ်။ အဲ့ကတစ်ဆင့် လက်ထပ်ဖို့အရွယ်ရောက်တဲ့ကောင်မလေးတွေကို ဟင်းချက်သင်ပေးရင်း သူ့ရဲ့ လုပ်ချင်‌ေနခဲ့တဲ့ မှတ်ကျောက်တည်ဆောက်နည်းကို တွေ့ရှိသွားခဲ့ပါတယ်။ ဒါဆို ဒီလျှောက်လှမ်းမှာ မိသားစုဝတ္တရားတွေနဲ့ ခင်ပွန်းဖြစ်သူရဲ့ အထောက်အပံ့ကော ရရှိနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့်အပြင် ရည်မှန်းချက်နောက်ကို လိုက်တဲ့အခါမှာ ဘယ်အရာတွေက ကိုယ့်အတွက် အားနည်းချက် အားသာချက်ဖြစ်နိုင်လဲဆိုတာကို ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း