ဇာတ်ကားများ ရွေးရန်

Bird Box: Barcelona

2023ဇာတ်ကားWeb-dl 1080p

Survival ရုပ်ရှင်တွေကိုကြိုက်နှစ်သက်သူတွေအတွက် Bird Box Barcelona လို့ခေါ်တဲ့ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီကားထဲမှာတော့ပုံမှန်မြင်ဖူးနေကျကားတွေထဲကလို ဇွန်ဘီတွေ မကောင်းဆိုးဝါးကြီးတွေ သဘာဝဘေးအန္တရာယ်တွေမဟုတ်ပဲနဲ့ဒီထက်ပိုထူးဆန်းတဲ့အရာတွေကိုမြင်ရမှာပဲဖြစ်ပါတယ်။အဲ့ဒီအရာတွေကိုကြည့်လိုက်တဲ့လူတိုင်းကစိတ်ပြောင်းလဲသွားပြီးကိုယ့်ကိုယ်ကိုယ်သတ်သေကြပါတော့တယ်။အဲ့ဒါကြောင့်မလို့လူတိုင်းအိမ်ထဲနဲ့လုံခြုံတဲ့နေရာတွေမှာပဲနေရပြီးအပြင်သွားတဲ့အခါမှာမျက်လုံးကိုတစ်ခုခုနဲ့ဖုံးပြီးသွားရပါတယ်။ဒီကားထဲမှာတော့အဓိကဇာတ်ဆောင်ကတော့ဆီဘက်ရှန်ဆိုတဲ့လူတစ်ယောက်ဖြစ်ပြီးဒီအဖြစ်အပျက်ကြောင့်ပဲသူ့ရဲ့သမီးနဲ့ဇနီးကိုဆုံးရှုံးထားရတာပဲဖြစ်ပါတယ်။ဒါပေမယ့်သူကသူ့မိသားစုနဲ့ပြန်ဆုံစည်းနိုင်မယ်လို့ယုံကြည်ပြီးတော့ဝိဉာဉ်တွေကိုလှည့်ဖြားပြီးတော့လိုက်စုဆောင်းပါတော့တယ်။ပုံမှန်မြင်နေကျကားတွေနဲ့မတူပဲတစ်မူထူးခြားနေတဲ့အတွက်ကြည့်လို့ကောင်းမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း