ဇာတ်ကားများ ရွေးရန်

Revolt

2017ဇာတ်ကားBlu-Ray 1080p

ကိုယ်နိုးထလာတဲ့အချိန်မှာအကျဉ်းခန်းထဲရောက်နေပြီးကိုယ်ဘယ်သူမှန်းမသိဘယ်ကလာမှန်းမသိတဲ့အပြင်အပြင်ကိုကြည့်လိုက်တဲ့အခါမှာလဲစက်ရုပ်တွေကလူတွေကိုသတ် လူအချင်းချင်းလဲသတ်ဖြတ်နေကြတဲ့အရာတွေကိုကြုံဖူးပါသလား။ဒီကားထဲကမင်းသားကတော့ဒါကိုကြုံဖူးခဲ့ပါတယ်။သူ့နာမည်တောင်သူမမှတ်မိတော့တဲ့အချိန်မှာနေရာတိုင်းမှာထိတ်လန့်စရာအဖြစ်အပျက်တွေကအပြည့်ပါပဲ။သူ့အတွက်ရင်အေးစရာဆိုလို့သူအဖမ်းခံထားရတဲ့အခန်းရဲ့ဘေးကနာဒီယာဆိုတဲ့ဒေါက်တာမလေးပဲရှိပါတယ်။အဖြစ်အပျက်တွေကိုခေါင်းအေးအေးထားပြီးမစဉ်းစားရသေးခင်မှာတင်သူတို့နှစ်ယောက်တိုက်ခိုက်သတ်ဖြတ်ပြီးလုံခြုံမဲ့နေရာကိုသွားဖို့အတွက်ခရီးနှင်နေကြပါပြီ။သူတို့ကြုံတွေ့နေရတဲ့အရာတွေထဲမှာအဆိုးဝါးဆုံးအရာကတော့စက်ရုပ်ကြီးတွေနဲ့ဂြိုလ်သားယာဉ်ပျံတွေလိုမျိုးလူတွေကိုစုပ်ယူတတ်တဲ့ယာဉ်ပျံကြီးပဲဖြစ်ပါတယ်။အဲ့ဒီအပြင်ကိုမှသူတို့ရောက်နေတာကလဲအာဖရိကကစစ်ဖြစ်နေတဲ့နေရာဆိုတော့လူတွေနဲ့လဲရင်ဆိုင်ရပါသေးတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်အခက်အခဲတွေကိုအတူတူကျော်ဖြတ်ရင်းစက်ရုပ်တွေကိုဘယ်လိုရင်ဆိုင်သွားကြမလဲ။သူတို့အတွက်လုံခြုံတဲ့နေရာကိုရောအတူတူရောက်သွားနိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း