ဇာတ်ကားများ ရွေးရန်

Seire

2021ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးက၂၀၂၂ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Drama, Horror အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ကလေးမွေးပြီး ၂၁ရက်မပြည့်ခင် အပြင်လူကိုအိမ်ထဲခေါ်လို့မရသလို အိမ်ကလူတွေကလည်း နာရေးအခမ်းအနားတွေသွားတာမျိုးမလုပ်ရတဲ့အပြင် အဲဒါတွေကို မလိုက်နာရင်ကလေးအတွက် အန္တရာယ်ဖြစ်စေလိမ့်မယ်ဆိုတဲ့ Seire ဆိုတဲ့ အယူအဆလေး တစ်ခုကို အခြေခံထားတာပါ။ ဝူဂျင်းရဲ့ယောက္ခမကြီးဟာ အယူသီးသူဖြစ်ပေမယ့် ဝူဂျင်းကတော့ အဲဒါတွေကို လုံးဝ အယုံမကြည်မရှိပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဝူဂျင်းရဲ့ဖုန်းထဲကို နာရေးဖိတ်ကြားစာတစ်ခုရောက်လာခဲ့ပါတယ်။ ကွယ်လွန်သွားသူကတော့ ဝူဂျင်းနဲ့၆နှစ်လောက်တွဲခဲ့ဖူးတဲ့ ရည်းစားဟောင်းပါ။ အဲဒီတော့ ဝူဂျင်းဟာ သူ့မိန်းမကမသွားပါနဲ့ဆိုပြီး အတန်တန်တားနေတဲ့ကြားက နာရေးအခမ်းအနားကိုသွားရောက်ခဲ့ပါတယ်။ အဲဒီနာရေးကနေပြန်လာတဲ့ညမှာပဲ ဝူဂျင်းတို့မိသားစုမှာ ထူးဆန်းတာတွေတစ်ခုပြီးတစ်ခုကြုံရပါတော့တယ်။ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့်ဇာတ်ကားလေးဖြစ်လို့ သဲထိတ်ရင်ဖိုဇာတ်လမ်းတွေကြိုက်နှစ်သက်သူတွေအဖို့ မဖြစ်မနေကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း