ဇာတ်ကားများ ရွေးရန်

Raaz

2002ဇာတ်ကားWeb-dl 1080p

"ချစ်မိသွားဖို့ဆိုတာက လွယ်ပါတယ် အချစ်အတိုင်းကိုက်ညီအောင်နေနိုင်ဖို့ကတော့ သိပ်ခက်တယ် " ဆိုတဲ့ အချစ်အတွက်ယှဉ်ပြိုင်မှုတွေကို ကြည့်ရှုရမယ့် Horror Movie လေးတစ်ကားပဲဖြစ်ပါတယ်။ အူတီမြို့က သရဲစံအိမ်ကြီးကြောင့် ပျော်ပွဲစားထွက်လာတဲ့ ကောလိပ်ကျောင်းသားထဲက ကျောင်းသူလေးတစ်ယောက်သေဆုံးခဲ့ရပါတယ်။ အဲ့ရက်မှာပဲ မွန်ဘိုင်းမှာ မတော်တဆမှုဖြစ်ခဲ့တဲ့ ကောင်မလေးက ဘာဒဏ်ရာမှ မရဘဲ လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အဲ့ကောင်မလေးက အူတီကို သွားဖို့ သူ့ခင်ပွန်းကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နေတဲ့အိမ်က တောထဲက ဝိညာဉ်ရှိနေတဲ့ စံအိမ်ဖြစ်နေတဲ့အခါမှာတော့ ဘယ်လို ခြောက်ခြားမှုတွေကို ဆက်ဖြစ်လာမလဲ..ဆိုတာကို ထိတ်လန့်မှုအပြည့်နဲ့ကြည့်ရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း