ဇာတ်ကားများ ရွေးရန်

1920

2008ဇာတ်ကားWeb-dl 1080p

Storyline အပြည့်အစုံနဲ့ရင်သပ်ရှူမောစွာ ကြည့်ရှုရမယ့် 1920 Tollywood Movie လေးဖြစ်ပြီး Horror Movie ကြိုက်တတ်တဲ့သူတွေအတွက်တော့ မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘာသာရေးမတူတဲ့အချစ်ကို ခွဲဖို့ကြိုးစားနေတဲ့ မိသားစုကြောင့် မိသားစုကော ဘာသာရေးကော အားလုံးကိုစွန့်လွှတ်ပစ်ခဲ့ပြီး ချစ်ရသူလီဆာ့လက်ကို ရဲရဲဆုပ်ကိုင်ခဲ့တဲ့ ဗိသုကာဆရာ အာဂျွန်။ အချစ်ကို ဦးစားပေးခဲ့ကြသူ သူတို့နှစ်ဦးအတွက် တစ်နေ့မှာတော့ စံအိမ်ဟောင်းကြီးကို ဖြိုချပြီး ဟိုတယ်ဆောက်ဖို့ စီစဉ်ရတဲ့ စီမံကိန်းကြီးတစ်ခု ကျရောက်လာခဲ့ပါတယ်။ အဲ့လိုနဲ့ပဲ ဗိသုကာဆရာတွေ တစ်ယောက်ပြီးတစ်ယောက်သေခဲ့တဲ့ စံအိမ်ကြီးကို ရောက်သွားတဲ့အခါမှာတော့ ဘာသာမဲ့အာဂျွန်တစ်ယောက် နဲ့ ချစ်ဇနီးလီဆာတို့ ဘယ်လိုမျိုး ရင်ဆိုင်ရမလဲ ဆိုတာကို အံ့ဩမှုအပြည့်နဲ့ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း