The Assassin
ဒီဇာတ်ကားလေးက တစ်ချိန်တုန်းကနာမည်ကြီးခဲ့တဲ့ အချစ်လှေကားထစ်လေးများ ဇာတ်လမ်းတွဲက ထိုက်ဝါလို့သိကြတဲ့ မင်းသားကြီး Hyeon-jun Shin ပါဝင်ထားတဲ့ Action, Adventure အမျိုးအစား ဇာတ်လမ်းလေးဖြစ်ပါတယ်။ စစ်ပွဲကြောင့် ဂျိုဆွန်းတိုင်းပြည်ကြီးဘက်ပေါင်းစုံ ယိုယွင်းပျက်စီးနေတဲ့အချိန်၊ နေရာတိုင်းမှာ လုယက်မှုတွေ၊ လူသတ်မှုတွေ၊ ဘိန်းရောင်းဝယ်မှုတွေလုပ်နေတဲ့အချိန် အရမ်းကိုဆိုးရွားလှတဲ့ခေတ်ကာလကြီးပေါ့။ ငွေရှိတဲ့သူတွေက လုပ်ကြံသတ်ဖြတ်ရေးသမားတွေကိုငှားပြီး သူတို့ရဲ့ပြိုင်ဘက်တွေကို ရှင်းပစ်ကြတယ်။ အီနန်ဆိုတာ ဂျိုဆွန်းရဲ့အတော်ဆုံးလုပ်ကြံသတ်ဖြတ်ရေးသမားလို့နာမည်ကြီးသလို သူ့ကိုလာအပ်တဲ့အလုပ်တိုင်းကိုလည်း အမြဲပြီးဆုံးအောင်လုပ်တဲ့သူပေါ့။ ဒါပေမဲ့ အီနန်မှာ ရောဂါတစ်ခုပေါ်လာခဲ့တယ်။ ဆေးဆရာနဲ့သွားပြပေမယ့် အရမ်းရှားပါးတဲ့ မာဟွမ်ချိုဆေးပင်နဲ့ကုသမှပျောက်ကင်းနိုင်မယ်လို့သိလိုက်ရတော့ အီနန်ဟာ မာဟွမ်ချိုဆေးပင်ကိုရှာဖို့ ဂျန်လင်တောင်ကိုထွက်လာခဲ့ပါတော့တယ်။ အီနန်က သူ့ရောဂါအကြောင်းကို ဘယ်သူ့ကိုမှမပြောပဲ လျှို့ဝှက်ထားဖို့ ဆေးဆရာကိုမှာခဲ့ပေမယ့် ပေါက်ကြားသွားခဲ့ပြီး တခြားလုပ်ကြံသတ်ဖြတ်ရေးသမားတွေက အီနန်ရဲ့နောက်ကို အသည်းအသန်လိုက်လာပါတော့တယ်။ အဲဒီတော့ အီနန်ဟာ သူ့ရောဂါကိုပျောက်ကင်းသွားအောင်ကုသနိုင်မလား။ သူ့နောက်ကိုလိုက်နေတဲ့လုပ်ကြံသတ်ဖြတ်သူတွေကိုရော ပြန်လည် ရင်ဆိုင်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း