ဇာတ်ကားများ ရွေးရန်

Bawaal

2023ဇာတ်ကားWeb-dl 1080p

ပြီးပြည့်စုံခြင်းဆိုတာကိုလူတိုင်းမက်မောကြတယ် လိုချင်ကြတယ် ကိုယ့်ကိုကြည့်လိုက်တာနဲ့ဘယ်အရာမှာမဆိုတော်တယ် ကောင်းမွန်တယ် ပစ္စည်းအကောင်းစားတွေပဲသုံးတယ် စိတ်ထားကောင်းတယ် ဖော်ရွေတယ်စတဲ့ပုံရိပ်ကောင်းတွေကို လူတိုင်းမက်မောကြတာဓမ္မတာပါပဲ ဒီတစ်ခေါက်မှာတော့အရင်အပတ်ကမှ ထွက်ရှိလာတဲ့Bawaalဆိုတဲ့ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် အာဂျုးဟာကောင်းမွန်တဲ့ပုံရိပ်တစ်ခုကို ရဖို့လူတွေအမြင်မှာ ထင်ပေါ်နေဖို့အတွက် သူ့ဘဝကိုမုသားတွေနဲ့တည်ဆောက်ထားတဲ့သမိုင်းဆရာတစ်ဦးဖြစ်ပါတယ် အဲ့လိုနဲ့ပဲအဖက်ဖက်ကပြည့်စုံနေတာကိုကြိုက်တဲ့ အာဂျုးကပညာတတ်ဇနီးချောလေးနီရှာနဲ့ လက်ထပ်ခဲ့ကြပါတယ် သို့ပေမဲ့နီရှာဟာ မွေးရာပါရောဂါတစ်ခုကြောင့် လက်ထပ်ပြီးကာမှအာဂျုးနဲ့အိမ်ထောင်ရေး အဆင်မပြေပဲဖြစ်နေခဲ့ပါတယ် အာဂျုးဟာလည်းကျောင်းမှာစာသင်ရင်း လွှတ်တော်အမတ်ရဲ့သားဖြစ်သူကို ပါးရိုက်မိလိုက်ရာမှသူတစ်သက်လုံး ထိန်းသိမ်းလာတဲ့ပုံရိပ်ကောင်းကို ပျက်စီးလုနီးပါးဖြစ်သွားပါတော့တယ် ဒီပြဿနာကိုသူဘယ်လိုဖြေရှင်းမလဲ သူ့ပုံရိပ်ကိုအဖက်ဆယ်နိုင်မှာလားဆိုတာတွေကို ဘဝပညာပေးစာသားတွေနဲ့ အများကြီးကြည့်ရှု့ရမှာဖြစ်ပါတယ် စိတ်ဓာတ်ကျနေသူတွေ တခြားသူတွေဘဝကိုကိုယ့်ဘဝနဲ့ နှိုင်းယှဉ်ပြီးစိတ်ညစ်နေသူတွေ ကြည့်သင့်တဲ့စိတ်ခွန်အားပေးကားကောင်းလေးလည်းဖြစ်ပါတယ်.... ဒီကားရဲ့အညွှန်းနဲ့ဘာသာပြန်သူကတော့ Khin Khinဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း