Dream
ဒီဇာတ်ကားလေးက မင်းသား Park Seo-joon ၊ မင်းသမီး IU တို့အပြင် တခြားနာမည်ကြီး သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ Comedy, Drama, Sport အမျိုးအစား ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘောလုံးကစားသမားယွန်းဟုံးဒယ်ဟာ အရမ်းကြိုးစားပေမယ့် သူထင်သလောက် မအောင်မြင်တဲ့အတွက် အရာရာကို စိတ်တိုင်းမကျဖြစ်နေသူပါ။ တစ်နေ့ဘောလုံးအသင်း အင်တာဗျူးမှာ သတင်းထောက်တစ်ယောက်ရဲ့မဆင်မခြင်မေးမြန်းမှုကြောင့်တစ်ခုကြောင့် ယွန်းဟုံးဒယ်တစ်ယောက် စိတ်မထိန်းနိုင်ဖြစ်သွားရာကကိုယ်ထိလက်ရောက်ကျူးလွန်မိသွားပါတယ်။ အဲဒီအချိန်ကစပြီး ယွန်းဟုံးဒယ်ဟာဘောလုံးလောကနေအနားယူပြီး အနုပညာလောကထဲကိုဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပီဒီဆိုမင်းဟာ မှတ်တမ်းရုပ်ရှင်ရိုက်ကူးနေသူဖြစ်ပြီး သူ့ရဲ့ဝါသနာ၊ သူ့ရဲ့အိပ်မက်တွေကိုကြိုးစားရုန်းကန်ပြီး အကောင်အထည်ဖော်နေတဲ့သူပေါ့။ ဒီလိုနဲ့ ယွန်းဟုံးဒယ်ဟာ ပီဒီဆိုမင်းရဲ့ဘောလုံးမှတ်တမ်းရုပ်ရှင်မှာ ပါဝင်ဖို့ဖြစ်လာပါတော့တယ်။ မှတ်တမ်းရုပ်ရှင်စရိုက်တဲ့နေ့မှာပဲ ယွန်းဟုံးဒယ်က လူငယ်ကစားသမားတွေမဟုတ်ပဲ အိမ်ခြေရာမဲ့သက်ကြီးပိုင်းတွေနဲ့ဖွဲ့စည်းထားတဲ့ဘောလုံးအသင်းကို လေ့ကျင့်ပေးဖို့ဖြစ်လာပါတော့တယ်။ အဲဒီတော့ ယွန်းဟုံးဒယ်ဟာ သူ့ရဲ့စိတ်မရှည်တတ်တဲ့ပုံစံနဲ့ ဘောလုံးအသင်းကို ဘယ်လိုလေ့ကျင့်ပေးမလဲ။ ဘာအခက်အခဲတွေကြုံရမလဲ။ ပီဒီဆိုမင်းကတော့ သူ့ရဲ့မှတ်တမ်းရုပ်ရှင်ကို ပြီးဆုံးအောင်ရိုက်ကူးပြီး သူ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ MCEC ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း