ဇာတ်ကားများ ရွေးရန်

Ladybug & Cat Noir: Awakening

2023ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါမိတ်ဆက်ပေးမှာကတော့ ရိုမန့်တစ်ဆန်ဆန် ကာတွန်းကားကောင်းလေးဖြစ်ပါတယ်။ ကိုယ့်နှလုံးသားထဲက ကြောက်ရွံ့မှုကို အောင်နိုင်ဖို့ တွန်းအားပေးတဲ့ ကားပါ။ အဓိကကတော့ အချစ်နဲ့ အနိုင်ယူတာပေါ့လေ။ မယ်ရီနက်ဆိုတဲ့ ကျောင်းသူလေးက introvert ဖြစ်ပြီး လူတွေကိုကြောက်ရွံ့တတ်ပါတယ် သူ့မှာ သူငယ်ချင်းအပေါင်းအသင်းလည်းမရှိပါဘူး။ အေဒရီရန်ကတော့ မိခင်ဆုံးသွားတည်းက ဖခင်ရဲ့နွေးထွေးမှုမရတော့ဘဲ အထီးကျန်နေတဲ့ကောင်လေးပါ။ ထူးခြားတဲ့ ကံတရားကြောင့် သူတို့၂ယောက်ဆုံပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ဖြစ်လာတဲ့အခါ.... မယ်ရီနက်တို့ကမ္ဘာမှာ ကြောက်ရွံ့မှုကို ဒေါသအမှောင်စွမ်းအားအဖြစ်ပြောင်းလဲပေးနိုင်တဲ့ လိပ်ပြာနက် နတ်ဆိုးရှိပါတယ်။ သူ့ကိုအနိုင်ယူနိုင်တာ လေဒီဘက်နဲ့ ကြောင်နက်ဆိုတဲ့ miraculous နှစ်ခုပါ။ ဒါပေမယ့် ၂ခုပေါင်းမှ ပိုသန်မာပြီး အနိုင်ရနိုင်တာပါ။ အေဒရီရန်ရဲ့ဖခင်က ဆုံးသွားတဲ့ဇနီးကို ပြန်ခေါ်ဖို့ အမှောင်စွမ်းအားကို ဆင့်ခေါ်တဲ့အခါ.... မယ်ရီနက်တို့ ၂ယောက်က ကယ်တင်ဖို့ရွေးချယ်ခံရပြီး အမှောင်စွမ်းအားနဲ့ရင်ဆိုင်ပုံ ကြောက်ရွံ့မှုကို တွန်းလှန်ပုံတွေကို ပဲရစ်မြို့ရဲ့လှပတဲ့ မြင်ကွင်းတွေနဲ့အတူ ခံစားလိုက်ကြပါဦး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း