Soul Catcher
ကမ္ဘာကြီးမှာ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေကြတဲ့ စစ်ဗိုလ်ချုပ်တွေ လက်တစ်လုံးခြားလုပ်တဲ့ နိုင်ငံရေးသမားတွေ ရှိနေကြတာ ဒီနေ့ထိပါပဲ။ ဒီကားမှာတော့ Soul catcher ဆိုတဲ့ ဓာတုလက်နက်ကိုသုံးပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ချင်ကြတဲ့ ပိုလန်နဲ့အာဖရိကက ခေါင်းဆောင်တွေကို ရှင်းလင်းပုံကို ရိုက်ကူးထားပါတယ်။ Soul catcher ဆိုတဲ့အတိုင်း ဒီလက်နက်က လူတွေရဲ့စိတ်ဝိညာဉ်ကို ဖမ်းပြီး ကယောက်ကယက်ဖြစ်အောင် သောင်းကျန်းအောင်လုပ်ပစ်တာပါ။ ဒါကိုတီထွင်တဲ့ပါမောက္ခက အစပိုင်းမှာ ကင်ဆာကုသဖို့ရည်ရွယ်ခဲ့တာဆိုပေမယ့် လွဲချော်သွားပြီး စွမ်းအားမြင့်လက်နက်ဖြစ်သွားပါတယ်။ ဒါကိုသိတဲ့စစ်ခေါင်းဆောင် ယူစစ်က ပါမောက္ခကိုဖမ်းထားပြီး လက်နက်ကို အာဖရိကစစ်ခေါင်းဆောင်ဆီ ရောင်းစားဖို့ကြံရွယ်ပါတယ်။ သူတို့အရောင်းအ၀ယ်လုပ်တာကို ဖေးတို့ စစ်သားဟောင်းတစ်စုက တားဆီးသုတ်သင်ဖို့ ပိုလန်၀န်ကြီးဆီကနေ မစ်ရှင်ပေးခံရပါတယ်။ ခက်ခက်ခဲခဲနဲ့ မစ်ရှင်အောင်မြင်ပြီးကာမှ ထင်ထားသလို လက်နက်ကိုဖျက်ဆီးပစ်တာမဟုတ်ဘဲ နိုင်ငံရေးသမား၀န်ကြီးက လှည့်စားတာဖြစ်နေတဲ့အခါ ဖေးတို့အဖွဲ့ ဆက်ရင်ဆိုင်ရပုံကို အားပေးကြည့်ကြပါဦး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း