ဇာတ်ကားများ ရွေးရန်

Halo Legends

2010ဇာတ်ကားWeb-dl 1080p

Japan animations company တွေက short films 7 ပိုင်းကို စုပေါင်းဖန်တီးထားတာဖြစ်ပါတယ်။ Halo universe မှာ ဂြိုလ်သားတွေ လူသားတွေ စစ်ပွဲတွေ ခေတ်အဆက်ဆက် ဖြစ်ပွားခဲ့ပုံ သူတို့ရဲ့ ဘုံရန်သူ Covenant ဂြိုလ်သားတွေနဲ့ ရင်ဆိုင်ပုံတွေကို ရသမျိုးစုံ ထည့်သွင်းဖန်တီးထားတာပါ။ ကနဉီးအစပိုင်းမှာ လွန်ခဲ့တဲ့ နှစ်တစ်သိန်းကျော်တည်းက နဂါးငွေ့တန်းမှာ သက်ရှိတွေနေထိုင်ခဲ့ကြပြီး စစ်ပွဲတွေဖြစ်လာကြပါတယ်။ ပထမဉီးဆုံးနေထိုင်သူတွေ ကြီးမားတဲ့စစ်ပွဲနဲ့ ရင်ဆိုင်ရပြီး နောက်ဆုံးမှာ စွမ်းအားအပြင်းဆုံး လက်နက် တီထွင်ခဲ့ပြီး သူတို့ကိုယ်သူတို့ စတေးခဲ့ကြပါတယ်။ ဒီလက်နက်က ရန်သူကို ချေမှုန်းပစ်ပြီး တခြားကျန်တဲ့သက်ရှိတွေကိုတော့ ပြန်လည် အသက်သွင်းပေးနိုင်ခဲ့ပါတယ်။ ဒီအဲစ်အပျက်ကို Halo လို့ခေါ်တာပါ။ နောက်ပိုင်းတွေမှာလည်း လူသားတွေစကြ၀ဠာထဲမှာ နယ်ချဲ့ကြပြီး ရန်သူတော် Covenant တွေနဲ့ တိုက်ခိုက်ကြတာ၊ universe မျိုးစုံမှာ plot အစုံနဲ့ ရင်ဆိုင်ရတာတွေကို ကြည့်ရမှာဖြစ်ပါတယ်။ မတူတဲ့ Animation လက်ရာနဲ့ ရသအစုံ ခံစားရဖို့ အားပေးကြပါဉီး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း