Love in Taipei
နာမည်အတိုင်းပဲ တိုင်ပေမှာ အချစ်ဇာတ်လမ်းလေး ပေါ်ပေါက်လာတာပါ။ ပေါ့ပေါ့ပါးပါး ကြည့်ရမယ့် ကျောင်းသားကားလေးဖြစ်ပါတယ်။ အဲဗားက အမေရိကမှာ မိဘတွေနဲ့နေပြီး ဆေးကျောင်းတက်ဖို့ ပြင်နေတဲ့သူပါ။ သူ့တစ်ဘ၀လုံး စာပဲလုပ်နေခဲ့ပြီး ပျော်စရာသိပ်မရှိဘူးလို့ ခံစားမိလို့ မိဘတွေက ထိုင်ဝမ်က နွေရာသီကျောင်းကို ပို့လိုက်ပါတယ်။ အဲ့ကျောင်းက ထိုင်ဝမ်ယဉ်ကျေးမှုနဲ့ သမိုင်းကို လေ့လာရင်း လူငယ်တွေ ရင်းနှီးလာအောင် စီစဉ်ပေးတဲ့ ပရိုဂရမ်ပါ။ တကယ်ရောက်လာတော့ ထင်သလို မတင်းကျပ်ဘဲ လူငယ်တွေက အချစ်လှေလို့တောင် ခေါ်တဲ့ ဒိတ်ဖို့ရှာတဲ့နေရာတစ်ခုလိုဖြစ်နေပါတယ်။ အဲဗားက မိဘတွေစိတ်တိုင်းကျ လာခဲ့ပေမယ့် သူကိုယ်တိုင်တော့ စိတ်သိပ်မပါလှပါဘူး။ သူလုပ်ချင်တာက ဆေးကျောင်းမတက်ဘဲ အကသမားဖြစ်ချင်တာပါ။ ဒီလိုနဲ့ စာပဲသိတဲ့ ရိုးရိုးအေးအေး အဲဗားနဲ့ နွေရာသီကျောင်းက အခန်းဖော် သူငယ်ချင်း ဆိုဖီတို့ ဘယ်လို ပျော်ရွှင်မှုတွေရှာကြမလဲ...အဲဗားရော သူလုပ်ချင်တဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်သွားလား၊ အချစ်လှေဆိုတဲ့နာမည်အတိုင်း ချစ်သူရော ရှာတွေဦးမှာလားဆိုတာ ဆက်အားပေးလို့ရပါပြီ။ ဤဇာတ်ကားကိုအညွှန်းရေးသားပြီး ဘာသာပြန်ပေးသူမှာ Shue Lai KK ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း