ဇာတ်ကားများ ရွေးရန်

Inside Man

2023ဇာတ်ကားWeb-dl 1080p

ရဲတွေကလူဆိုးတွေကြားထဲမှာအသွင်ယူပြီးအမှုတွေကိုဖော်ထုတ်စုံစမ်းတဲ့ကားတွေကိုကြည့်ဖူးကြမှာပါ။ဒီကားကတော့အဲ့လိုကားတွေထဲမှာတော်တော်မိုက်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဘော်ဘီဆိုတဲ့ရဲတစ်ယောက်ကသူ့မိန်းမနောက်ယောက်ျားတစ်ယောက်နဲ့ဖောက်ပြန်နေတာကိုလက်ပူးလက်ကြပ်မိပြီးတဲ့နောက်မှာသူ့မိန်းမနဲ့ဖောက်ပြန်နေတဲ့ကောင်ကိုစိတ်လွတ်ကိုယ်လွတ်ထိုးနှက်ခဲ့ပါတော့တယ်။အဲ့လိုနဲ့သူ့မိန်းမလဲသူ့ဆီကထွက်သွားသလိုရာထူးအချခံရပြီးရဲဌာနမှာစာရေးဘဝကိုရောက်သွားပါတော့တယ်။ဒီလိုနဲ့စိတ်ပျက်လက်ပျက်ဘားမှာသောက်စားမူးရူးနေတုန်းအိမ်သာထဲမှာလူနှစ်ယောက်ရန်ဖြစ်နေတာကိုမြင်ပြီးခံရတော့မဲ့လူဘက်ကဝင်ထိုးပြီးအားရပါးရဆွမ်းကြီးထပ်လောင်းပြန်ပါတော့တယ်။ဖြစ်ချင်တော့သူကူညီပေးလိုက်တဲ့လူကသူတို့မြို့မှာကြီးစိုးနေတဲ့လူဆိုးအဖွဲ့ထဲကအဖွဲ့သားတစ်ယောက်ဖြစ်နေပါတယ်။ဒီလိုနဲ့ဘော်ဘီလဲသူတို့အကြောင်းတွေကိုစုံစမ်းကြည့်ရင်းနဲ့အသွင်ယူပြီးတစ်ဖွဲ့လုံးကိုဖမ်းဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။အဲ့လိုမှသူရာထူးလဲပြန်တက်ပြီးသူ့မိန်းမကိုရမယ်လို့တွေးနေခဲ့ပြီးကြိုးစားပမ်းစားအသွင်ယူလုပ်ကိုင်ပါတော့တယ်။အဲ့လိုအသွင်ယူနေရင်းနဲ့တွေ့ကြုံလာရတဲ့အတွေ့အကြုံတွေ တစ်ခါတစ်လေအဲ့ဒီလူဆိုးဘဝကိုပဲစိတ်ပါမလိုဖြစ်သွားခဲ့တဲ့အချိန်တွေစသဖြင့်ဘော်ဘီတစ်ယောက်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကိုတွေ့ရမဲ့အပြင် နောက်ဆုံးမှာရောသူလိုက်နေခဲ့တဲ့လူဆိုးအဖွဲ့ကဘယ်လိုဖြစ်သွားမလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း