ဇာတ်ကားများ ရွေးရန်

Dampyr

2022ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးတော့ ၂၀၂၂ နှစ်မှာထွက်ရှိခဲ့တဲ့ Fantasy, Horror အမျိုးအစား အီတလီဇာတ်ကားလေးပါ။ ဒန်ဖီယာဆိုတာ သွေးစုပ်ဖုတ်ကောင်တစ်ဝက် လူသားတစ်ဝက်ဖြစ်နေတဲ့သတ္တဝါပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဟာလန်ဟာ သူ့ကိုယ်သူဒန်ဖီယာဆိုတာသိပေမယ့် သူ့ဆီမှာအစွမ်းထက်တဲ့စွမ်းအင်တွေရှိနေတာကိုတော့ မသိခဲ့ပါဘူး။ ဟာလန်ဟာ သူ့ရဲ့မန်နေဂျာနဲ့အတူ နယ်တကာလှည့်ပြီး မကောင်းဆိုးဝါးမိစ္ဆာနှိမ်နှင်သူလိုအယောင်ဆောင်ကာ ရိုးသားတဲ့ရွာသူရွာသားတွေကို လိမ်လည်လှည့်ဖျားရင်း အသက်မွေးဝမ်းကျောင်းပြုနေတာပေါ့။ တစ်နေ့မှာတော့ ရွာတစ်ရွာမှာမကောင်းဆိုးဝါး လုပ်ဇာတ်ခင်းနေတဲ့ဟာလန်ကို စစ်သားတွေရောက်လာပြီး ဖမ်းဆီးသွားပါတော့တယ်။ ဖြစ်ချင်တော့ ဟာလန်ကိုဖမ်းဆီးသွားတဲ့ တပ်ဖွဲ့ဟာ ညဘက်မှာ တကယ့်သွေးစုပ်ဖုတ်ကောင်တွေနဲ့ရင်ဆိုင်နေရတာပါ။ တစ်ဖက်မှာလည်း ညရဲ့အရှင်သခင်ဟာ ဒန်ဖီယာဖြစ်တဲ့ဟာလန်ကိုသတ်ဖို့ အစီအစဉ် ဆွဲနေပါတယ်။ အဲဒီတော့ ဟာလန်ဟာ သွေးစုပ်ဖုတ်ကောင်တွေနဲ့ဘယ်လိုရင်ဆိုင်မလဲ။ သူ့ကိုစောင့်ကြိုနေတဲ့ အန္တရာယ်တွေကိုရော ကျော်လွှားနိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း