ဇာတ်ကားများ ရွေးရန်

The Alleys

2021ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ထူးဆန်းတဲ့ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ပတ်ဝန်းကျင်တစ်ခုကလမ်းကြားလေးတွေထဲမှာဖြစ်သွားခဲ့တဲ့အကြောင်းတွေကိုရိုက်ကူးထားတဲ့ The Alleys ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့အာလီဆိုတဲ့ကောင်လေးတစ်ယောက်ကမိသားစုတွေကိုကုမ္ပဏီကြီးတစ်ခုခုမှာအလုပ်လုပ်နေတယ်လို့ညာပြီးတော့ညဘက်မှာနိုက်ကလပ်တွေဆီကိုဖောက်သည်တွေခေါ်သွားပေးရတဲ့အလုပ်လုပ်နေတဲ့ပုံကနေစတင်ပါတယ်။နောက်တော့အာလီကသူတို့ရပ်ကွက်ထဲကအလှပြင်ဆိုင်ဖွင့်ထားတဲ့ဆိုင်ပိုင်ရှင်ရဲ့သမီးဖြစ်တဲ့လန်နာဆိုတဲ့ကောင်မလေးနဲ့ချစ်ကြိုက်ခဲ့ပါတယ်။ဒါပေမယ့်မသမာသူတစ်ယောက်ကသူတို့သမီးကအခန်းထဲကိုအာလီကိုခေါ်ထည့်ပြီးကမြင်းနေတာကိုဗီဒီယိုခိုးရိုက်ထားပြီးသူ့အမေဆီကိုခြိမ်းခြောက်ငွေညှစ်တဲ့အခါမှာတော့ဇာတ်လမ်းကစလာပါတော့တယ်။ဒီလိုနဲ့လန်နာရဲ့အမေကသူတို့ပတ်ဝန်းကျင်မှာကျက်စားနေတဲ့လူမိုက်ဆီမှာသွားအကူအညီတောင်းပါတော့တယ်။ဒီလိုနဲ့အဲ့ဒီလူမိုက်ကအာလီကိုသွားခြိမ်းခြောက်ပြီးနောက်မှာတော့အာလီကလဲစကားအရမ်းနားထောင်ပြီးလန်နာကိုခိုးပြေးပါတော့တယ်။ အဲ့ဒီနောက်ပိုင်းမှာအာလီကရုတ်တရက်သေဆုံးသွားခဲ့ပြီးဘယ်လိုဇာတ်လမ်းဇာတ်ကွက်တွေဖြစ်ခဲ့တာလဲ ငွေညှစ်နေတဲ့လူကရောဘယ်သူဖြစ်မလဲဆိုတာနဲ့ တခြားစိတ်ဝင်စားစရာတွေလဲပါသေးတာမို့ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း