ဇာတ်ကားများ ရွေးရန်

Strays

2023ဇာတ်ကားWeb-dl 1080p

ခွေးချစ်တတ်တဲ့သူတွေအတွက် ဒီကားကတော့ ဒေါသဖြစ်စရာပါ။ ဒီထဲက ခွေးလေး ရက်ဂျီရဲ့သခင် ဒက်က ရက်ဂျီကို လုံး၀မချစ်လို့ပါ။ သခင်လို့သာပြောရတာ ဒက်က ရက်ဂျီကို လိုချင်လို့မွေးခဲ့တာမဟုတ်ပါဘူး သူ့ရည်းစားနဲ့ပြတ်ပြီး ရည်းစားဆီက အချစ်တော်ခွေးလေးကို လုယူထားတာပါ။ ရက်ဂျီကတော့ ဒက်ကို သူ့သခင်ဆိုပြီး တကယ်ချစ်ပါတယ်။ ဒက်က သူ့ကို ချေးထုပ်လို့ ခေါ်တာကိုတောင် တကယ်ကြီး နာမည်မှတ်နေတာပါ။ဒက်က သူ့ကို ဂရုမစိုက်ဘဲ စွန့်ပစ်တာကိုတောင်မှ ကစားတယ်ထင်ပြီး အိမ်မရောက်ရောက်အောင် ပြန်လာတတ်တဲ့ ခွေးလေးပါ။ ဒီတစ်ခေါက်မှာတော့ ဒက်က သူ့ကိုတော်တော်ဝေးတဲ့နေရာခေါ်သွားပြီး စွန့်ပစ်လိုက်ပါရော။ ရက်ဂျီက အိမ်ပြန်ဖို့ ကြိုးစားရင်းလမ်းပျောက်ပြီး လမ်းဘေးခွေး ဘက် နဲ့ဆုံပါတော့တယ်။ ဘက်ကတစ်ဆင့် သူ့သူငယ်ချင်းတွေနဲ့ပါတွေ့ပြီး သူတို့ရှင်းပြလို့ ဒက်ကမကောင်းတာ သူ့ကိုစွန့်ပစ်တာသိသွားပြီး လက်စားချေဖို့ရာ အိမ်ပြန်လာပါတော့တယ်။ ရက်ဂျီတို့ တစ်အုပ် လမ်းမှာ ဘာတွေကြုံရမလဲ ဒက်ကို လက်စားချေတာရော အောင်မြင်လားဆိုတာ ပေ့ါပေါ့ပါးပါး အားပေးကြပါဦး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း