Birth/Rebirth
လူတိုင်းကတော့ကိုယ်ချစ်တဲ့လူတစ်ယောက်ယောက်ကိုဆုံးရှုံးခဲ့ရဖူးမှာပါပဲ။ရှင်ကွဲကွဲတာဖြစ်ဖြစ် သေကွဲကွဲတာဖြစ်ဖြစ်တစ်နည်းနည်းနဲ့တော့ကိုယ်ချစ်တဲ့လူတွေကိုဆုံးရှုံးဖူးမှာပါပဲ။သေဆုံးသွားတဲ့ကိုယ်ချစ်ရတဲ့လူကိုအသက်ပြန်ရှင်လာအောင်လုပ်နိုင်မယ်ဆိုရင်လုပ်ဖို့ဆန္ဒရှိပါသလား။ဒီကားထဲမှာတော့ဆေးရုံမှာအလုပ်လုပ်နေတဲ့သူနာပြုတစ်ယောက်ဖြစ်တဲ့စီလီဆိုတဲ့အမျိုးသမီးတစ်ယောက်ကသူ့သမီးလေးကိုဦးနှောက်အမြှေးရောင်ရောဂါနဲ့ဆုံးရှုံးခဲ့ရပါတယ်။ဒါပေမယ့်နောက်နေ့မှာသမီးဖြစ်သူရဲ့အလောင်းကိုယူဖို့သွားခဲ့တဲ့အချိန်မှာတော့အလောင်းကပျောက်နေခဲ့ပါတယ်။ဒီလိုနဲ့စီလီလဲကြံရာမရတွေဖြစ်ပြီးရင်ခွဲရုံကဝန်ထမ်းဖြစ်တဲ့ရို့စ်ကိုသွားမေးမြန်းပြီးတဲ့နောက်မှာရို့စ်အိမ်မှာသူ့သမီးကိုခေါ်ထားတာကိုတွေ့ခဲ့ရပါတယ်။ဒါပေမယ့်သေဆုံးနေတာမဟုတ်ပဲရို့စ်ရဲ့ကျေးဇူးနဲ့အသက်ဆက်ရှင်နေခဲ့ပါတယ်။ရို့စ်ကသေဆုံးသူတွေကိုပြန်နိုးထလာနိုင်အောင်စမ်းသပ်မှုတစ်ခုပြုလုပ်နေပြီးတော့စီလီရဲ့သမီးကဒီစမ်းသပ်မှုနဲ့အသင့်တော်ဆုံးဖြစ်တဲ့အတွက်ခေါ်ထားခဲ့တာဖြစ်ပါတယ်။စီလီရဲ့သမီးလီလာကအသက်ဆက်ရှင်နေတုန်းဆိုပေမဲ့အဲ့လိုဆက်ဖြစ်နေဖို့အတွက်ခက်ခဲတဲ့အရာတွေအများကြီးကိုလုပ်ရပါတယ်။ဒီလိုနဲ့စီလီရဲ့ရို့စတို့အတူတူနေဖြစ်ခဲ့ကြပြီးလီလာ့ကိုလုံးဝသက်သာပျောက်ကင်းလာအောင်အတူတူကြိုးစားကြပုံတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း