Sitting in Bars with Cake
ဒရာမာဇာတ်လမ်းကောင်းကောင်းလေးကြည့်ချင်တဲ့သူတွေအတွက် Sitting In Bars With Cake ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးထဲမှာအချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရဲ့မေတ္တာကိုဖော်ကျူးပြသထားတာဖြစ်ပြီးအပြင်မှာတကယ်တမ်းဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဂျိန်းနဲ့ခိုရင်းတို့နှစ်ယောက်ကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပြီးဂျိန်းကအနေအေးသလိုခိုရင်းကအရမ်းသွက်လက်ထက်မြက်တဲ့ကောင်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။အဲ့လိုမျိုးအကျင့်စရိုက်တွေမတူညီမှုကပဲသူတို့ရဲ့ဆက်ဆံရေးကိုပိုပြီးခိုင်မြဲစေခဲ့ပါတယ်။ဂျိန်းကမိဘတွေကြောင့်ဥပဒေကျောင်းတက်ဖို့လိုက်လျှောက်နေပေမဲ့သူကမုန့်ဖုတ်တဲ့နေရာမှာကျွမ်းကျင်ပြီးသူတကယ်တမ်းလုပ်ချင်တဲ့အရာကလဲမုန့်ဖုတ်ချင်တာပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ခိုရင်းနဲ့မွေးနေ့အတွက်ဘားကိုသွားတဲ့အချိန်မှာဂျိန်းကမွေးနေ့ကိတ်မုန့်ကိုဖုတ်ပြီးယူသွားခဲ့ပါတယ်။သူ့ကိတ်မုန့်ကအရမ်းကောင်းတဲ့အတွက်လူတော်တော်များများကလဲအားပေးခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့သူငယ်ချင်းနှစ်ယောက်အကြံရသွားပြီးဂျိန်းအတွက်ဘဲရှာပေးဖို့ကိတ်မုန့်တွေဖုတ်ပြီးဘားတွေမှာသွားထိုင်ဖို့အကြံရခဲ့ပါတော့တယ်။ဒါပေမယ့်အဲ့ဒီအတောအတွင်းမှာခိုရင်းကင်ဆာဖြစ်နေရတာကိုသိခဲ့ရပြီးသူတို့သူငယ်ချင်းနှစ်ယောက်ရဲ့ဘဝတွေကအတူတူဆက်သွားရမှာလား ခွဲခွာသွားရမှာလားဆိုတာကိုဒရာမာဆန်ဆန်နဲ့ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ် ...
ဇာတ်လမ်းအကြောင်း