ဇာတ်ကားများ ရွေးရန်

Jules

2023ဇာတ်ကားအမှတ် 7/10Web-dl 1080p

ဒီဇာတ်ကားလေးကတော့ Comedy, Drama, Sci-Fi အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မေလ်တန်ဆိုတဲ့အဘိုးကြီးဟာ ပင်ဆယ်ဗေးနီးယားမြို့လေးမှာ နေထိုင်ပြီး သူ့မှာ တိရိစ္ဆာန်ဆေးကုဆရာဝန်သမီးလေးနဲ့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ သားလေးတစ်ယောက်ရှိပါတယ်။ မေလ်တန်ဟာ သူ့ရဲ့အိမ်လေးမှာပဲ တီဗွီကြည့်လိုက် ကောင်စီအစည်းအဝေးတက်လိုက်နဲ့ ဘဝကို တစ်ယောက်တည်း အထီးကျန်စွာနေထိုင်နေခဲ့ရတာပေါ့။ သမီးဖြစ်သူကတော့ တစ်ခါတစ်လေလာလည်ပါတယ်။ ဒီလိုနဲ့ တစ်ညမှာတော့ သူ့ရဲ့အိမ်နောက်ဖေးဘက်ကို အာကာသယာဉ်တစ်စီးပျက်ကျလာခဲ့ပြီး ဂြိုလ်သားတစ်ကောင်လည်းပါလာခဲ့ပါတယ်။ တစ်ယောက်တည်းအထီးကျန်နေတဲ့ မေလ်တန်ဟာ ဂြိုလ်သားလေးကို သူ့အိမ်မှာပြုစုစောင့်ရှောက်ထားပြီး ဂရုစိုက်ပေးခဲ့ပါတယ်။ ဂြိုလ်သားကလည်း မေလ်တန်ကို အန္တရာယ်မပေးပဲ သူ့ရဲ့ယာဉ်ပျံကိုပဲ ပြန်ကောင်းသွားအောင် ပြုပြင်နေခဲ့ပါတယ်။ တစ်ဖက်မှာလည်း အမျိုးသားလုံခြုံရေးဌာနကလည်း ပျက်ကျသွားတဲ့ယာဉ်ပျံကိုအသည်းအသန်လိုက်ရှာနေပါတယ်။ အဲဒီတော့ မေလ်တန်ဟာ ဂြိုလ်သားလေးကို ဘေးမသီရန်မခပဲ သူ့ရဲ့မိခင်ဂြိုလ်ဆီကို ပြန်ပို့ပေးနိုင်မလား။ ဘယ်လိုအခက်အခဲတွေကြုံတွေရမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုခံစားရမယ့် သိပ္ပံဟာသကားလေးဖြစ်ပါတယ်။ ဟာသကားဆိုပေမယ့် အသက်ကြီးလာတဲ့အခါ သားသမီးတွေနဲ့တွေ့ချင်တိုင်းမတွေ့ရပဲ အထီးကျန်နေရတဲ့ မိဘတွေရဲ့ခံစားချက်ကိုလည်း မြင်သာအောင်ဖော်ပြထားပါသေးတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း