ဇာတ်ကားများ ရွေးရန်

The End of Sex

2022ဇာတ်ကားWeb-dl 1080p

ဂျော့ရှ်နဲ့ အမ်မာဆိုတဲ့ လင်မယားနှစ်ယောက်ရှိတယ်။ သူတို့မှာ သမီးလေးနှစ်ယောက်လည်း ရှိတယ်ပေါ့။ သူတို့နှစ်ယောက်က ငယ်လင်ငယ်မယားတွေ။ သူငယ်ချင်းဘဝကတည်းကနေ ချစ်ပြီးကြိုက်ပြီး အိမ်ထောင်ကျ၊ ကလေးတွေ ဘာတွေ ရလာခဲ့တာ။ အိမ်ထောင်သက်တမ်း ၁၀ နှစ်ကျော်ထိ အသက် အရွယ်တစ်ခုကိုတူတူကြီးပျင်းဖြတ်သန်းခဲ့ကြပြီးတဲ့နောက်မှာတော့ မိဘအဖြစ်နဲ့ ပျိုးထောင်ပြုစုရတာရဲ့ ပင်ပန်းမှုတွေ၊ အသက်အရွယ်အရ အရင်လို မနုပျိုမလန်းဆန်းနိုင်တော့တာတွေကနေ စိတ်ဖိစီးမှုတွေဝင်ပြီးလိင်မှုဘဝတွေကိုပါ ထိခိုက်လာပါတော့တယ်။ သမီးလေးနှစ်ယောက်ကို တစ်ပတ်တိတိ ညအိပ်စခန်းချအစီအစဉ်တစ်ခုကိုပို့လိုက်ရတဲ့အပတ်မှာတော့ သူတို့နှစ်ယောက်လုံး စိတ်လွတ်လူလွတ်လို ဖြစ်သွားကြတာပေါ့။ တစ်စတစ်စ ပျက်ဆီးယိုယွင်းလာတဲ့ သူတို့ရဲ့ အိမ်ထောင်သည်ဘဝဆက်ဆံရေးကိုပြန်လည်တည်ဆောက်နိုင်ဖို့အတွက် တစ်ပတ်တိတိ အချိန်အတွင်းမှာ အားထုတ်ကြိုးပမ်း ကြရင်းနဲ့ သူတို့အကြားမှာ အချစ်တွေ ရပ်တန့်သွားပြီလားလို့ ထင်လာမိကြတယ်။ သူတို့မှာ အချစ်တွေရော ရှိသေးရဲ့လား၊ သူတို့အကြားဆက်ဆံရေးကို ဘယ်လို အကောင်းဆုံးပြန်လည်ကြိုးစား တည်ဆောက်ကြမှာလဲ။ 2022 ခုနှစ်ကထွက်ရှိထားတဲ့ Romance, Comedy, Drama အမျိုးအစား ဒီဇာတ်ကားဟာ ဘဝရဲ့ စိတ်ဖိစီးမှုတွေကြားက ဖြစ်တတ်တဲ့ အကြောင်းတွေကို ရယ်စရာလေးနှောပြီး တင်ပြထားတာ ဖြစ်ပါတယ်။ အိမ်ထောင်သည်တွေရဲ့ လိင်မှုဘဝဆက်ဆံရေးအကြောင်း ပြဿနာတွေကို တင်ပြထားတာမို့ အသက်အရွယ် သတ်မှတ်ချက် သတိပြု ကြည့်ရှုအားပေးနိုင်ပါတယ်။ အညွှန်းနှင့် ဘာသာပြန်သူကတော့ Masuji Ono ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း