ဇာတ်ကားများ ရွေးရန်

Nandor Fodor and the Talking Mongoose

2023ဇာတ်ကားWeb-dl 1080p

ဇာတ်ကားလေးက Comedy, Mystery အမျိုးအစားဖြစ်ပြီး ၁၉၃၁ခုနှစ်တုန်းက မန်ကျွန်းမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဒေါက်တာဖိုဒိုဟာ သဘာဝလွန်စိတ်ပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ဖြေရှင်းလို့မရတဲ့သဘာဝလွန်အဖြစ်အပျက်တွေကို စုံစမ်းဖော်ထုတ်ပြီး သိပ္ပံနည်းကျဖြေရှင်းချက်ပေးနိုင်အောင် အမြဲကြိုးစားနေတဲ့သူပေါ့။ တစ်နေ့မှာတော့ သူ့ဆီကို ထူးဆန်းတဲ့စာတစ်စောင် ရောက်လာခဲ့ပါတယ်။ စာထဲမှာပါတဲ့အကြောင်းအရာကတော့ အာဗင်းလို့ခေါ်တဲ့လယ်သမားဆီမှာ လူလိုစကားပြောတတ်တဲ့ ဂက်ဖ်လို့ခေါ်တဲ့မြွေပါလေးရှိနေဆိုတာပါပဲ။ ဒီလိုနဲ့ ဒေါက်တာဖိုဒိုက အဲဒီကိစ္စကို အရမ်းစိတ်ဝင်စားသွားပြီး အာဗင်းမိသားစုနေထိုင်ရာမန်ကျွန်းကို သူ့ရဲ့လက်ထောက်နဲ့အတူသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီတော့ ဒေါက်တာဖိုဒိုဟာ စကားပြောတတ်တဲ့မြွေပါလေးကိစ္စကို ဘယ်လိုစုံစမ်းစစ်ဆေးပြီးသိပ္ပံနည်းကျ ဘယ်လိုဖြေရှာမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း