ဇာတ်ကားများ ရွေးရန်

The Good Mother

2023ဇာတ်ကားWeb-dl 1080p

အမေရိကန်မှာ ဆေးလွန်ပြီးသေတဲ့သူအရည်အတွက်က တစ်နှစ်ကိုအယောက်တစ်သိန်းကျော်လောက်ရှိပါတယ်။ အဲဒီထဲမှာမှ ၆၅% က ဖန်တနိုင်းဆိုတဲ့ဆေးကြောင့် သေကြတာပါ။ အရင့်အရင်ကမကြားစဖူး အလယ်တန်းအရွယ် ကျောင်းသားငယ်ငယ်လေးတွေ သေတာလည်း ဒီနှစ်ထဲမှာမနည်းမနှောပါ။ ဒီဖြစ်ရပ်တွေပေါ် အခြေခံပြီး နှစ်နှစ်လောက်ပျောက်နေတဲ့ အကယ်ဒမီနှစ်ဆုရှင်မင်းသမီးကြီး Hilary Swank ကို ပြန်မြင်လိုက်ရတဲ့ ရုပ်ရှင်ပါပဲ။ လာမယ့် ၂၀၂၄ ဖေဖော်ဝါရီမှာလည်းတစ်ကားထပ်ထွက်ဖို့ ရှိသေးတယ်လို့ သိရပါတယ်။ အခု ၂၀၂၃ မှာ ထွက်ရှိလာတဲ့ The Good Mother ဇာတ်ကားကတော့ Crime, Drama, Mystery ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ နယူးယောက်ပြည်နယ်ထဲက မြို့ငယ်လေးတစ်မြို့မှာ ရှိတဲ့ သတင်းစာဆရာမတစ်ဦးဖြစ်သူ မာရစ်ဆာ ဟာ သူမနဲ့ သိပ်မနေမနှီးတဲ့ သားတစ်ယောက်ကို ဆုံးရှူံးလိုက်ရပါတယ်။ သားရဲ့ရည်းစားဖြစ်သူ ပေ့ဂျ်ဆိုတဲ့ ကောင်မလေးနဲ့ မာရစ်ဆာတို့ဟာ တစ်ဦးကိုတစ်ဦး မနှစ်သက်ကြပေမယ့် ဆုံးသွားတဲ့သူကို သတ်သွားတာ ဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖို့အတွက်ယာယီလက်တွဲလိုက်ပါတယ်။ ပေ့ဂျ်က ဆုံးသွားတဲ့ သားရဲ့ ကိုယ်ဝန်ကို လွယ်ထားရတာပါ။ တွေ့ရှိတဲ့သဲလွန်စနောက်ကို လိုက်ရင်းနဲ့ သူတို့နှစ်ယောက်ဟာ အမှန်တရားနဲ့ နီးကပ်လာလေလေ ပိုပြီးနက်ရှိုင်းတဲ့လျို့ဝှက်ချက်တွေကို သိလာလေလေ ဖြစ်လာပါတော့တယ်။ မူးယစ်ဆေးဝါးတွေ ချစားမှုတွေနဲ့ ရှုပ်ထွေးပွေလှီနေတဲ့ မြေအောက် လောကထဲမှာ သူတို့ လူသတ်တရားခံအစစ်ကိုရှာတွေ့ပါ့မလားဆိုတာကို ရင်မောဖွယ်ကြည့်ရှုရမှာပါ။ အညွှန်းနှင့် ဘာသာပြန်ဆိုသူ Masuji Ono ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း