Circle of Atonement
၂၀၁၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ Crime, Drama အမျိုးအစား မှုခင်းစုံထောက်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မကြာခင်လက်ထပ်တော့မယ့် ချစ်သူစုံတွဲတစ်တွဲဟာ အဝေးပြေးလမ်းပေါ်မှာ ကားမောင်းရင်းစကားများရန်ဖြစ်ပြီး ကောင်မလေးက ကားပေါ်ကနေဆင်းသွားခဲ့သလို ကောင်လေးကလည်း စိတ်ဆိုးပြီး ကားမောင်းထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကောင်လေးက ပြန်လာရှာတဲ့အချိန်မှာ ကောင်မလေးကိုရှာမတွေ့တော့ပါဘူး။ တကယ်တော့ စိတ်ဆိုးပြီးတစ်ယောက်တည်း လမ်းလျှောက်ထွက်လာခဲ့တဲ့ကောင်မလေးကိုလူသတ်သမားတစ်ယောက်က သတ်ပစ်လိုက်တာပါ။ ကောင်လေးက သူ့ကောင်မလေးဒီလိုအဖြစ်ဆိုးနဲ့ကြုံရတာ သူ့ကြောင့်ဆိုပြီး လူသတ်သမားကိုလည်း လုံးဝအခဲမကြေခဲ့ပါဘူး။ ၁၀နှစ်ကြာပြီးနောက်မှာ လူသတ်သမားရဲ့သမီးဖြစ်သူက သူ့ရဲ့အတန်းကို ကျောင်းသူအနေနဲ့ရောက်လာခဲ့ပါတယ်။ အဲဒီတော့ သူ ၁၀နှစ်လုံးလုံးခံစားခဲ့ရတဲ့စိတ်ဒဏ်ရာတွေနဲ့ လူသတ်သမားရဲ့သမီးကို ဘယ်လိုလက်စားပြန်ချေမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း