ဇာတ်ကားများ ရွေးရန်

The Black Book

2023ဇာတ်ကားWeb-dl 1080p

နိုင်ဂျီးရီးယားက မင်းမဲ့ဆန်ဆန် အာဏာရှင်တွေကြောင့် သားဖြစ်သူဆုံးရှုံးလိုက်ရတဲ့ သင်းအုပ်ဆရာအကြောင်းကို ဆို့နင့်ဖွယ် ခံစားရမယ့် အက်ရှင်ကားကောင်းပါ။ ပေါဟာ အတိတ်က သူကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက် သင်းအုပ်ဆရာလုပ်နေပြီး သားဖြစ်သူနဲ့အတူ အေးအေးချမ်းချမ်းနေခဲ့ပါတယ်။ ဒါမယ့်သားဖြစ်သူက ပြန်ပေးဆွဲမှုတစ်ခုကို ကြိုးကိုင်တယ်လို့ ထောင်ချောက်ဆင်ခံရပြီး ရဲတွေသတ်တာခံလိုက်ရပါတယ်။ သားအတွက်တရားမျှတမှုယူပေးဖို့ ပေါက သူ့အတိတ်ကိုပြန်လှန်ပြီး ကြိုးပမ်းပါတော့တယ်။ ပေါဖုံးကွယ်ထားတဲ့ သူ့အတိတ်ဘ၀က ဘယ်လိုမျိုးလဲ ဘယ်လိုအပြစ်တွေ သူကျူးလွန်ခဲ့တာလဲ သူမှတ်တမ်းလုပ်ခဲ့တဲ့ The Black Book မှာရော ဘယ်လို အဖြစ်မှန်တွေပါတာလဲ... အတိတ်က အပြစ်တွေက ပ္ပစ္စုပန်က ပေါကို ဘယ်လိုသက်ရောက်စေမလဲဆိုတာ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း