ဇာတ်ကားများ ရွေးရန်

Carry On Jatta 2

2018ဇာတ်ကားWeb-dl 1080p

Carry on Jatta Season 1,3 ကိုတင်ဆက်ပေးထားပြီး အခုတစ်ခေါက်ကတော့ 2018ကထွက်ရှိခဲ့တဲ့ Season 2 လေးကို ခံစားရမှာပါ။ ဘဝအမောတွေကို ပြေပျောက်စေပြီး ဟားတိုက်ရယ်မောရမယ့် ဇာတ်လမ်းလေးဖြစ်တဲ့အတွက်ဟာသဇာတ်လမ်းတွဲကြိုက်တဲ့သူတွေအတွက် အဆင်ပြေစေမဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရွတ်နောက်နောက် ‌သုံးယောက်ပေါင်းလောင်းကျော်အဖွဲ့ ဂျက်စ်, ဂိုဒီနဲ့ ဟန်နီ.... ဂျက်စ်ရဲ့ ကနေဒါကို သွားချင်တဲ့အိပ်မက်တွေလက်တွေ့ဖြစ်လာဖို့ ကနေဒါသူလေးကို ရှာပြီး လက်ထပ်ဖို့ ကြံနေတဲ့ ဂျက်စ်။ တစ်နေ့မှာတော့ ကနေဒါသူလေးနဲ့ ရည်စားဖြစ်ဖို့အတွက် တစ်ကောင်ကြွက်ဘဝကနေ ဆွေးမျိုးအသိုင်းအဝန်းများတဲ့သူအဖြစ်ဟန်ဆောင်ခဲ့ပါတယ်။ ဒီကနေ လက်ထပ်ဖို့ အဆင့်တက်လာတော့ သူငယ်ချင်းဂိုဒီနဲ့ မိသားစုတွေနဲ့ သွားရှုပ်မိတဲ့အခါမှာတော့..... ဒီကနေ ကနေဒါသူလေးကို လက်လွှတ်လိုက်ရမလား ဘယ်လိုမျိုး မနိုင်စိန်အကွက်တွေကို ဖန်တီးကြဦးမလဲဆိုတာကို ကြည့်ရှုလိုက်ကြရအောင်ပါ။ ဒီဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း