My Big Fat Greek Wedding 3
မိသားစုထဲမှာစိတ်ပျက်မှုတွေ အားငယ်မှုတွေ အဆင်မပြေမှုတွေ ဝမ်းနည်းမှုတွေကိုကြုံတွေ့နေရပါသလား။အဲ့ဒီအရာတွေအားလုံးကိုဖြေရှင်းနိုင်မဲ့ဖြေရှင်းနည်းရှိပါတယ်။အဲ့ဒီနည်းလမ်းလေးကိုသိချင်ရင်တော့ ဒီ My Big Fat Greek Wedding ဆိုတဲ့မိသားစုဇာတ်လမ်းလေးကိုကြည့်သင့်ပါတယ်။အခုကားလေးကတော့သုံးကားမြောက်ထွက်ရှိထားတာဖြစ်ပြီးတော့ရှေ့မှာနှစ်ကားထွက်ရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့မကြာသေးခင်ကမှဖခင်ဖြစ်သူသေဆုံးသွားတဲ့အတွက်တူလာကအဖေ့ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့သူ့ရဲ့မှတ်စုစာအုပ်ကို အဖေ့ရဲ့မွေးရပ်မြေကသူငယ်ချင်းတွေဆီကိုပြန်ပေးဖို့အတွက်ဂရိကိုသွားဖို့လုပ်ခဲ့ပါတော့တယ်။ဒါပေမယ့်တစ်ယောက်တည်းသွားတာမဟုတ်ပဲနဲ့မိသားစုတွေအားလုံးကိုခေါ်ပြီးတော့အတူတူအပန်းဖြေခရီးအနေနဲ့သွားကြမှာဖြစ်ပါတယ်။ဒီလိုနဲ့မတွေ့တာကြာတဲ့မိသားစုတွေလဲအတူတူပြန်လည်ဆုံစည်းပြီးတော့ခရီးထွက်တဲ့အခါပျော်ရွှင်မှုတွေကိုပြန်ခံစားလာရပါတော့တယ်။အချစ်ဇာတ်ကားဆိုတာမျိုးကိုကြည့်ပြီးပဲပြုံးရတာမဟုတ်ပါဘူး။ဒီလိုမိသားစုတွေကြားထဲကချစ်ခင်မှုတွေကိုကြည့်ရှုရင်းနဲ့လဲကိုယ့်ကိုပြုံးပျော်စေနိုင်ပါတယ်။ဒီကားလေးကိုကြည့်ခြင်းအားဖြင့်ကိုယ့်မှာရှိနေသေးတဲ့မိသားစုဝင်တွေကိုတန်ဖိုးထားချစ်ခင်တတ်လာပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကိုပိုင်ဆိုင်လာနိုင်မှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း