Reptile
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီးတစ်ယောက် နေအိမ်ထဲမှာ ရက်ရက်စက်စက် အသတ်ခံရတာကနေပြီး ဒီဇာတ်အရှုပ်အထွေးစခဲ့တာပါ။ ဆမ်းမားနဲ့ ဝဲလ်တို့လင်မယား အိမ်သစ်ကိုပြောင်းလာပြီး တစ်ရက်မှာ ဆမ်းမားက ဓားနဲ့အချက်ပေါင်းများစွာအထိုးခံရပြီး သေသွားပါတယ်။ စုံထောက်တွေ ရဲတွေ ဒီအမှုကို လိုက်စုံစမ်းရာက အရှုပ်တွေပါလာတာပါ။ စုံထောက်တွမ်က သူ့အဖွဲ့သားတွေနဲ့ မသင်္ကာစရာလူတွေကို စုံစမ်းမေးမြန်းရင်း ဆမ်းမားရဲ့ ယောကျာ်းဟောင်းနဲ့ အရှုပ်အရှင်းတွေ အိမ်ခြံမြေရောင်းတဲ့ ကိစ္စ တွေပါ သံသယဖြစ်စရာ တွေ့ရပါတယ်။ ဆမ်းမားရဲ့ လက်ရှိအမျိုးသား ဝဲလ်ကလည်း ထူးဆန်းနေခဲ့ပါတယ်။ အစပိုင်းမှာ လူသတ်တရားခံကို မိပြီထင်ပေမယ့် ဒါက အစပဲရှိပြီး ဆေးအရောင်းအ၀ယ်ကိစ္စတွေပါ ပါလာပြီး အမှုက ပိုရှုပ်လာတဲ့အခါ... ရဲအလုပ်ကိုချစ်တဲ့ တွမ်တစ်ယောက် အမှန်တရားနဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေ ပတ်သက်နေသူတွေကို သိလိုက်ရတဲ့အခါ ဘယ်လို ဇာတ်သိမ်းမလဲ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း