ဇာတ်ကားများ ရွေးရန်

Heist 88.

2023ဇာတ်ကားWeb-dl 1080p

ရိုးရိုးတန်းတန်းကိုယ့်အဖွဲ့နဲ့ကိုယ်ဘဏ်ဓားပြတိုက်ဖို့အစီအစဉ်ချ သေနတ်တွေနဲ့ဝုန်းဒိုင်းကြဲဝင်ပြီးဓားပြတိုက် ပစ္စည်းတွေဝင်ခိုး ပိုက်ဆံတွေခိုးတဲ့ဇာတ်ကားတွေကရိုးအီနေပါပြီ။ဒါပေမယ့်ဒီဇာတ်ကားကတော့အဲ့ဒီလိုရိုးအီနေတဲ့ဇာတ်ကားပုံစံတွေထဲကခွဲထွက်ပြလိုက်တာပဲဖြစ်ပါတယ်။မထင်မှတ်ထားတဲ့ဇာတ်လမ်းလှည့်ကွက်ပေါင်းများစွာနဲ့အတူဟာခနဲဟင်ခနဲဖြစ်သွားစေမဲ့ဇာတ်ကွက်တွေကိုထည့်သွင်းရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ဂျယ်ရမီဆိုတဲ့လူတစ်ယောက်ကသူလုပ်ခဲ့တဲ့ပြစ်မှုကြောင့်မကြာခင်အဖမ်းခံရတော့မှာဖြစ်ပြီးအဖမ်းမခံရအောင်တိမ်းရှောင်နေသူပဲဖြစ်ပါတယ်။သူ့အစ်ကိုဖြစ်သူရဲ့ဈာပနကိုသွားတက်ရောက်တဲ့အချိန်မှာတူဖြစ်သူနဲ့တွေ့ခဲ့ရပါတယ်။တူဖြစ်သူကဘဏ်ကနေငွေချေးဖို့အတွက်ငွေရေးကြေးရေးကျွမ်းကျင်တဲ့သူ့ဦးလေးကိုဘဏ်မှာအလုပ်လုပ်နေတဲ့သူ့သူငယ်ချင်းတွေဆီမှာပြောပေးဖို့အကူအညီတောင်းပါတော့တယ်။သူ့တူရဲ့သူငယ်ချင်းတွေကချီကာဂိုရဲ့အကြီးမားဆုံးဘဏ်ကြီးတစ်ခုမှာအလုပ်လုပ်နေကြသူတွေဖြစ်ပါတယ်။ဒီလိုနဲ့ဂျယ်ရမီလဲဉာဏ်ကောင်းသူပီပီအဲ့ဒီဘဏ်ရဲ့ပိုက်ဆံတွေကိုခိုးယူဖို့အတွက်စီစဉ်ခဲ့ပြီးသူ့တူနဲ့သူငယ်ချင်းဖြစ်သူတွေကိုသိမ်းသွင်းခဲ့ပါတော့တယ်။ဒီလိုနဲ့အတွေ့အကြုံရှိပြီးဒီလိုရာဇဝတ်မှုကိုကျူးလွန်ဖူးတဲ့ဉာဏ်ကြီးရှင်ရာဇဝတ်သားတစ်ယောက်နဲ့ဘဝကိုခက်ခက်ခဲခဲရုန်းကန်နေကြတဲ့လူငယ်လေးတွေပူးပေါင်းပြီးတော့ဘဏ်ကနေပိုက်ဆံခိုးဖို့ကြိုးစားကြပုံတွေနဲ့နောက်ဆုံးမှာအောင်မြင်သွားကြပါ့မလားဆိုတာကိုစိတ်ဝင်စားစရာကောင်းကောင်းနဲ့ကြည့်ရှုရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း