ဇာတ်ကားများ ရွေးရန်

Passages

2023ဇာတ်ကားအမှတ် 7/10Web-dl 1080p

အချစ်ရေးနဲ့ပတ်သတ်လာရင်နှစ်ဖက်ချွန်တယ်ဆိုတာမကောင်းပါဘူး။ကျားမမရွေးကိုယ်ချစ်တဲ့သူအပေါ်မှာသစ္စာရှိသင့်ပါတယ်။ဘာလို့လဲဆိုတော့ကိုယ်တကယ်တမ်းချစ်ရတဲ့လူကကိုယ့်အပေါ်မှာစိတ်ပျက်သွားရင်အခွင့်အရေးဆိုတာနှစ်ခါမရနိုင်တော့လို့ပါပဲ။အဲ့ဒီအရာတွေကို Passages လို့ခေါ်တဲ့ဒီ BL ကားလေးထဲမှာကွက်ကွက်ကွင်းကွင်းမြင်အောင်ဖော်ပြထားပါတယ်။IMDb Rating ကလဲ 7.0 ရှိပြီးတော့ပညာယူတတ်ရင်တကယ်ကြည့်လို့ကောင်းတဲ့ကားလေးပဲဖြစ်ပါတယ်။သောမတ်စ်နဲ့မာတင်ဆိုတဲ့လိင်တူချစ်သူနှစ်ယောက်ကလက်ထပ်ထားတဲ့သူတွေဖြစ်ပြီးတော့သူတို့နှစ်ယောက်ကအရမ်းချစ်ကြတဲ့စုံတွဲတွေပဲဖြစ်ပါတယ်။တစ်နေ့မှာတော့သောမတ်စ်ရဲ့ဘဝထဲကိုမိန်းကလေးတစ်ယောက်ဝင်ရောက်လာပြီးနောက်မှာအရာအားလုံးကပြောင်းလဲသွားခဲ့ပါတယ်။ သူတို့ရဲအိမ်ထောင်ရေးလဲ တဖြည်းဖြည်းပြိုကွဲလာခဲ့ပြီးသောမတ်စ်တစ်ယောက်သူချစ်ရတဲ့ယောက်ျားလေးနဲ့မိန်းကလေးတို့နှစ်ယောက်ကြားမှာဘယ်လိုတွေဗျာများပြီးနောက်ဆုံးမှာဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုကြည့်ရမဲ့အချစ်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း