ဇာတ်ကားများ ရွေးရန်

V/H/S/85

2023ဇာတ်ကားWeb-dl 1080p

V/H/S movie တွေ အစဉ်အဆက် ထွက်ရှိလာပြီးတော့ ဒီတစ်ခါ 2023 ခုထွက် ရုပ်ရှင်ကတော့ 1985 ၀န်းကျင်က အဖြစ်အပျက်တွေကို TV documentary အဖြစ်ရိုက်ကူးထားတဲ့ anthology horror ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ ဒါရိုက်တာ ၅ယောက်ရဲ့ short films လက်ရာ 6 ခုကို စုစည်းထည့်သွင်းထားပြီး နှစ်ပုဒ်က ဆက်စပ်နေပါတယ်။ No Wake, Total Copy, God of Death, TKNOGD၊ Ambrosia နဲ့ Dreamkill ဆိုတဲ့ ဇာတ်လမ်း ၆ပုဒ်ပါ၀င်ပြီး ဒါရိုက်တာတူတဲ့ No Wake နဲ့ Ambrosia နှစ်ပုဒ်က အဆက်အစပ်ရှိအောင် ထည့်ထားပါတယ်။ အားလုံးက ခြောက်ခြားစရာ ထူးထူးဆန်းဆန်း သည်းထိတ်ရင်ဖို အမျိုးအစားတွေဖြစ်လို့ ကြည့်ပြီးသွားရင် တွေးတောစရာ ရသတစ်မျိုးစီ ရနိုင်မှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း