The Mill
ဒီဇာတ်ကားလေးက Drama, Mystery, Sci-Fi အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျိုးဟာ မဲလ်လာ့ဒ်ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ မန်နေဂျာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့မွေးမလာသေးတဲ့သားလေးအတွက် ရည်မှန်းပြီး အလုပ်ကို အသည်းအသန်ကြိုးစားနေတဲ့သူပေါ့။ တစ်နေ့မှာတော့ ဂျိုးဟာ အကြောင်းအရင်းမရှိပဲ ထူးဆန်းတဲ့အကျဉ်းခန်းကိုနေရာမျိုးကို ရောက်သွားခဲ့ပြီး ပိတ်မိနေပါတော့တယ်။ အဲဒီမှာ သူ့လိုမျိုးပိတ်မိနေတဲ့ တခြားသူတွေလည်း အများကြီးရှိပါတယ်။ သူတို့အားလုံးကို ကွန်ပျူတာစနစ်တစ်ခုက ထိန်းချုပ်ထားပြီး အဲဒီကွန်ပျူတာကပဲ သူတို့ရဲ့နေ့စဉ်အလုပ်တွေကို သတ်မှတ်ပေးပါတယ်။ အလုပ်ကတော့ အခန်းအလည်မှာရှိနေတဲ့ ကြိတ်ဆုံကြီးကိုလှည့်ရတာပါ။ ဒါပေမဲ့ နေ့စဉ်သတ်မှတ်ချက်ကို မပြည့်မီတဲ့ဝန်ထမ်းကို ရပ်စဲခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ သတ်ပစ်ပါတယ်။ အဲဒီတော့ ဂျိုးဟာ ဘာမှန်းမသိတဲ့နေရာကြီးမှာ ကွန်ပျူတာက ခိုင်းတဲ့နေ့စဉ်အလုပ်တွေကိုလုပ်ရင်း ဘယ်လိုလွတ်မြောက်အောင်ကြိုးစားမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမယ့် သိပ္ပံဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း