ဇာတ်ကားများ ရွေးရန်

It Lives Inside

2023ဇာတ်ကားWeb-dl 1080p

အရှေ့အင်ဒီးယန်းတွေရဲ့ ကိုးကွယ်ယုံကြည်မှု ဓလေ့ထုံးစံတွေကို အဓိကဖော်ပြထားတဲ့ စိတ်၀င်စားစရာဇာတ်လမ်းပါ။ အမေရိကန်မှာ အခြေချနေထိုင်တဲ့ ဆမ်မီဒါတို့ အင်ဒီးယန်းမိသားစု...ပတ်၀န်းကျင်အသစ် culture အသစ်မှာ နေသားကျဖို့ သူများယဉ်ကျေးမှုနဲ့ ကိုက်ညီချင်လို့ ကိုယ်ပိုင်ဓလေ့တွေကို စွန့်ပစ်ချင်တဲ့ ဆမ်မီဒါ.....ပုလင်းတစ်လုံးကိုင်ပြီး အပေါင်းအသင်းမရှိဘဲ ‌ထူးထူးဆန်းဆန်းပြုမူနေတဲ့ ဆမ်မီဒါရဲ့ ငယ်သူငယ်ချင်း တမီရာ... ဆမ်မီဒါက တခြားသူတွေ ကြည့်တဲ့ပုံကိုမကြိုက်လို့ သူငယ်ချင်းတမီရာနဲ့ပါ မပေါင်းတော့ပေမယ့် တမီရာက အကူအညီလာတောင်းတဲ့အခါ... တမီရာ ကိုင်ထားတဲ့ပုလင်းကို ဆမ်မီဒါ ခွဲပစ်လိုက်မိပြီး အထဲက ပရလောကသားအကောင် လွတ်လာတဲ့အခါ....မိဘတွေနဲ့ တမီရာကိုကယ်ဖို့ မကောင်းဆိုးဝါးကို အဆုံးသတ်ပေးတဲ့ပုံကို သည်းထိတ်ရင်ဖိုစရာ ကြည့်ရမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း