Awareness
ဇာတ်ကားလေးဟာ Mystery, Sci-Fi, Thriller အမျိုးအစားဖြစ်ပြီး တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အီယန်ဟာ လူတွေရဲ့စိတ်ကို ထိန်းချုပ်နိုင်တဲ့အစွမ်းရှိပါတယ်။ သူနဲ့သူအဖေဟာ အဲဒီအစွမ်းကိုအသုံးချပြီး အသေးအဖွဲလုယက်မှုတွေလုပ်ကာ ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းနေရပါတယ်။ တစ်နေ့မှာတော့ ကုန်စုံဆိုင်တစ်ဆိုင်ကို ဓားပြသွားတိုက်ခဲ့မိရာက အမည်မသိအဖွဲ့တစ်ဖွဲ့က သူတို့သားအဖေကို အသည်းအသန်လိုက်ဖမ်းပါတော့တယ်။အဖေဖြစ်သူက စည်းကမ်းတွေနဲ့ထိန်းချုပ်ထားပေမယ့် အီယန်ကတော့ လူငယ်ပီပီ သွေးတိုးစမ်းချင်တဲ့စိတ်ကို ထိန်းချုပ်မရပါဘူး။ ဒီလိုနဲ့ သူတို့သားအဖဟာ အေဂျင်စီ ဆိုတဲ့အဖွဲ့ဆီမှာ အဖမ်းခံလိုက်ရပြီး အီယန်ကို သူ့အဖေရဲ့မှတ်ဉာဏ်တွေထဲကို ဝင်ကြည့်ဖို့ ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ အီယန်ဟာ သူ့အဖေရဲ့မှတ်ဉာဏ်တွေကနေ သူ့ရဲ့ငယ်ဘဝက အကြောင်းအရာတွေ၊ သူ့မိဘတွေနဲ့ အရေးကြီးတဲ့လျှို့ဝှက်ချက်တစ်ခုကိုပါ သိလိုက်ရပါတော့တယ်။ အဲဒီတော့ အီယန်ဟာ သူ့ရဲ့အတိတ်ကိုပြန်တူးဆွပြီး သူ့မိဘအရင်းတွေကို ပြန်ရှာတွေ့နိုင်မလား။ သူ့နောက်ကိုအသည်းအသန်လိုက်နေတဲ့အဖွဲ့နှစ်ဖွဲ့ရဲ့ရည်ရွယ်ချက်ကရော ဘာတွေဖြစ်နေမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း