ဇာတ်ကားများ ရွေးရန်

In the Fire

2023ဇာတ်ကားWeb-dl 1080p

ဂရေ့စ်ဆိုတဲ့ဆရာဝန်မလေးတစ်ယောက်ကရွာလေးတစ်ရွာမှာရှိတဲ့မားကပ်စ်မွေးမြူရေးခြံကိုလာခဲ့ပါတယ်။သူအဲ့လိုလာခဲ့ရတဲ့အကြောင်းအရင်းကတော့အဲ့ဒီမှာရှိနေတဲ့ကောင်လေးတစ်ယောက်ကိုကုသပေးဖို့ပဲဖြစ်ပါတယ်။ဒါပေမယ့်အဲ့ဒီကောင်လေးဖြစ်နေတဲ့ရောဂါကရိုးရိုးတန်းတန်းရောဂါမဟုတ်ပဲစိတ်ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ရောဂါဖြစ်တယ်လို့ဂရေ့စ်ကယုံကြည်ထားပါတယ်။အဲ့ဒီကောင်လေးနာမည်ကတော့မာတင်ဖြစ်ပြီးသူကတခြားသူတွေနဲ့မတူတဲ့ပုံစံဖြစ်နေတာပါ။သူ့ပုံစံကအရမ်းထူးဆန်းလွန်းပြီးတစ်ရွာလုံးကလူတွေကသူ့ကိုနတ်ဆိုးလို့ခေါ်ဝေါ်ပြီးမုန်းတီးနေကြတာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီရွာလေးမှာကပ်ဆိုးပေါင်းများစွာကျရောက်နေလို့ပဲဖြစ်ပါတယ်။အပင်တွေမအောင်မြင်တဲ့အတွက်အငတ်ဘေးတွေကိုရင်ဆိုင်နေရတာအပြင်တခြားဘယ်လိုမကောင်းတဲ့အရာမျိုးပဲဖြစ်ဖြစ်ကောင်လေးကိုဝိုင်းအပြစ်တင်ကြပါတယ်။အဲ့ထဲမှာကောင်လေးရဲ့အဖေဖြစ်သူကိုယ်တိုင်လဲပါဝင်နေပါတယ်။ဒါပေမယ့်ဂရေ့စ်ကတော့အဲ့ဒါတွေကိုမယုံကြည်ပဲကောင်လေးကိုမေတ္တာနဲ့ဂရုစိုက်ပေးပြီးကုသပေးတဲ့အခါမှာတော့ဘယ်လိုစိတ်ဝင်စားစရာဇာတ်လမ်းလေးတွေဖြစ်လာမလဲဆိုတာကိုကြည့်ရမဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း