Theater Camp
အခုခေတ်မှာပြဇာတ်ကိုစိတ်ဝင်စားတဲ့လူတွေဆိုတာတော်တော်ကိုရှားသွားပါပြီ။ရှားသွားပြီဆိုပေမဲ့အခုထက်ထိပြဇာတ်ကိုစိတ်ဝင်စားပြီးရူးသွပ်နေတဲ့လူတွေလဲရှိကြတုန်းပါပဲ။တချို့ကျောင်းတွေမှာလဲပွဲလမ်းသဘင်တွေရှိရင်ပြဇာတ်တွေတိုက်ပြီးဖျော်ဖြေကြတာကိုမြင်ဖူးကြမှာပါ။ဒီကားလေးကလဲပြဇာတ်ကိုစိတ်မဝင်စားတဲ့လူတွေကိုပါစိတ်ဝင်စားလာအောင်ဆွဲဆောင်နိုင်မဲ့ IMDb Rating 7.2 အထိရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Theater Camp ဖြစ်ပြီးနာမည်အတိုင်းပြဇာတ်ကိုသင်ကြားပေးတဲ့စခန်းတစ်ခုအကြောင်းကိုစိတ်ဝင်စားစရာကောင်းအောင် ဒရာမာ ဟာသလေးတွေနဲ့ပေါင်းစပ်ပြီးရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့နွေရာသီမှာကလေးတွေလာရောက်သင်ယူဖို့ဖွင့်လှစ်ပေးထားတဲ့ပြဇာတ်စခန်းလေးတစ်ခုကိုတည်ထောင်ခဲ့တဲ့ဂျုန်းဆိုတဲ့ပိုင်ရှင်ကကျန်းမာရေးချို့ယွင်းပြီးအိပ်ရာထဲလဲသွားတဲ့အခါမှာတော့သူ့သားဖြစ်တဲ့ထရွိုင်ကအဲ့ဒီနေရာကိုဆက်ခံခဲ့ရပါတယ်။ဒါပေမယ့်အဲ့ဒီစခန်းကအကြွေးနွံနှစ်နေပြီးမကြာခင်အသိမ်းခံရတော့မဲ့အခါမှာတော့ထရွိုင်နဲ့သင်တန်းသူသင်တန်းသားတွေဆရာဆရာမတွေနဲ့ပူးပေါင်းပြီးတော့သူတို့ချစ်တဲ့ပြဇာတ်စခန်းလေးကိုပြန်လည်ကယ်တင်မဲ့အကြောင်းကိုစိတ်ဝင်စားစရာရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း