The Devil on Trial
1980 ခုနှစ်က ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ သည်းထိတ်ရင်ဖိုမှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ နာမည်ကျော် အက်နဲ့လော်ရိန်းဝါရန်တို့ မောင်နှံလည်း ပါပါတယ်။ ဇာတ်လမ်းက ၁၁နှစ်အရွယ် ကောင်လေး ဒေးဗစ်ကို နတ်ဆိုး၀င်ပူးတာကနေ လူသတ်မှုပါ ဖြစ်လာတဲ့ true crime နဲ့ horror ရောထားတဲ့ရုပ်ရှင်.... ဒေးဗစ်ကို ကူညီပေးဖို့ အက်နဲ့လော်ရိန်းတို့ စုံတွဲရောက်လာတယ်။ ဓာတ်ပုံတွေ ဗီဒီယိုတွေ မှတ်တမ်းတင်ကြတယ်။ ဘုရားကျောင်းမှာ နတ်ဆိုးနှင်ကြတယ်။ နတ်ဆိုးက ဒေးဗစ်ရဲ့အကို အာနီက စိန်ခေါ်လို့ ဒေးဗစ်ဆီက ခွာပြီး အာနီ့ဆီပူးသွားတဲ့အခါ... အာနီက သူ့အိမ်ရှင် အယ်လန်ကို သတ်မိပြီး နတ်ဆိုးခိုင်းလို့ လုပ်ရတာပါလို့ ထွက်ဆိုတဲ့အခါ... အမေရိကမှာ ပထမဆုံး နတ်ဆိုးပူးတာပါဆိုပြီး ကာကွယ်ထွက်ဆိုတာဖြစ်တဲ့အတွက် အာနီ အပြစ်လွတ်မလွတ်ဆိုတာ စောင့်ကြည့်ရမှာပါ။ ဒီအဖြစ်နောက်ကွယ်မှာ နောက်ထပ် ဘယ်လို ဖြစ်ရပ်တွေရှိနေသေးတာလဲ နတ်ဆိုးပူးတာ ယုံကြည်သူနဲ့ မယုံကြည်သူတွေကြားက ကွဲလွဲမှုတွေကို ရှုစားရမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်....
ဇာတ်လမ်းအကြောင်း