ဇာတ်ကားများ ရွေးရန်

Hoon Payon

2023ဇာတ်ကားWeb-dl 1080p

သရဲကားကြိုက်နှစ်သက်သူတွေအဖို့ အသစ်ထွက်ရှိလာတဲ့ ထိုင်းသရဲကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ထိုင်းနိုင်ငံက ကျွန်းတစ်ကျွန်းပေါ်မှာ နေထိုင်သူအားလုံးဟာ ဟွန်ဖရုန်အရုပ်ကို ကိုးကွယ်ယုံကြည်ကြပါတယ်။ ဟွန်ဖရုန်အရုပ်ကို လူသေတွေရဲ့ပြာတွေနဲ့ပြုလုပ်ပြီး သစ်သားတွေနဲ့ ရုပ်တုကြီးတွေလုပ်ကာ ကိုးကွယ်ကြပါတယ်။ ထမ်ဟာ ဦးဇင်းဝတ်သွားနဲ့ သူ့အစ်ကိုနဲ့ အဆက်အသွယ်မရတာကြာတော့ အဲဒီကျွန်းပေါ်က ရွာလေးကို လိုက်လာခဲ့ပါတယ်။ ဘုန်းကြီးကျောင်းကိုသွားစုံစမ်းတော့ သူ့အစ်ကိုဟာ ဆရာတော်ကိုသတ်ပြီး ထွက်ပြေးသွားကတည်းက ဘာသတင်းမှမရတော့ဘူးလို့ သိလိုက်ရတဲ့အခါ ထမ်က လုံးဝမလက်ခဲ့ပါဘူး။ ဒီလိုနဲ့ သူ့အစ်ကိုရဲ့သတင်းကို ကိုယ့်ဟာကိုယ်စုံစမ်းမယ်လို့ ဆုံးဖြတ်ပြီး အဲဒီဘုန်းကြီးကျောင်းမှာပဲ ဆက်နေခဲ့ပါတယ်။ ဒါပေမဲ့ ထူးဆန်းတာက ထမ် အဲဒီရွာကိုရောက်လာကတည်းက ရွာထဲမှာ မကောင်းတဲ့ကိစ္စတွေတစ်ခုပြီးတစ်ခုဖြစ်လာပါတော့တယ်။ အဲဒီတော့ ထမ်ဟာ သူ့အစ်ကိုကိုပြန်ရှာတွေ့နိုင်ပါ့မလား။ ရွာထဲမှာဖြစ်နေတဲ့ကိစ္စတွေကရော သူ့အစ်ကိုပျောက်သွားတာနဲ့ ဆက်စပ်မှုရှိနေလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း