ဇာတ်ကားများ ရွေးရန်

The Y

2023ဇာတ်ကားWeb-dl 1080p

2023 မှာပဲထွက်ရှိထားတဲ့ India Horror ဆန်ဆန်ဇာတ်ကားလေးကြည့်ရှုလို့ရပါပြီ။ ဒစ်ရှာဆိုတဲ့ကောင်မလေးဟာ ယူဗန်ဆီကိုလာတွေ့ချိန် မတော်တဆမှုတစ်ခုကြောင့် မိဘတွေဟာပွဲချင်းပြီးအသက်ဆုံးရှုံးခဲ့ရပြီး သူမဟာလည်း စိတ်ဒဏ်ရာရကာ မှတ်ဉာဏ်အချို့ဆုံးရှုံးခဲ့ရတဲ့အထိဖြစ်ခဲ့ပြီး စကားမပြောနိုင်တော့တဲ့အထိဖြစ်သွားခဲ့ရပါတယ်။ယူဗန်နဲ့ လက်ထပ်ဖြစ်သွားတဲ့သူမဟာ အဖွားရဲ့သေတမ်းစာအရ မြေ၄၀ ဧကနဲ့ စံအိမ်ကြီးတစ်အိမ်ကိုပါ အမွေရရှိခဲ့ပါတယ်။သူမတို့လင်မယားလက်ထက်ပြီးလို့ မင်္ဂလာလက်ဖွဲ့ပစ္စည်းမှာ ရှေးဟောင်းနာရီတစ်လုံးလည်းပါလာခဲ့ပါတယ်။ကံခေလှတဲ့သူမဟာ စံအိမ်ကြီးဆီပြောင်းရွှေ့လာခဲ့မှ ထူးဆန်းတဲ့ဖြစ်ရပ်ဆန်းတွေကို တွေ့ကြုံလာရပြီးတော့ သူမခင်ပွန်းကိုမပြောပြနိုင်ဖြစ်ခဲ့ကာ သူ‌မတွေ့ကြုံခံစားနေရတဲ့ ထူးဆန်းထွေလာဖြစ်ရပ်ဆန်းတွေက စံအိမ်ကြီးနဲ့သက်ဆိုင်နေမလား ရှေးဟောင်းနာရီကြီးကပဲ စံအိမ်ကြီးကိုထိန်းချုပ်ထားတာလား ဒီကိစ္စတွေကို သူတို့လင်မယားဘယ်လိုဖြေရှင်းပြီး ‌ဒီအခြေအနေဆိုးကြီးကနေ ဘယ်လိုရုန်းထွက်လာမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ingyin Phyu ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း