ဇာတ်ကားများ ရွေးရန်

Dead Man's Hand

2023ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Kevin Minor နဲ့ Matthew Minor တို့ရဲ့ No Rest of the Wicked: Dead Man's Hand ရုပ်ပြဝတ္ထုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ ကောင်းဘွိုင်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကြင်စဦးဇနီးမောင်နှံတွေဖြစ်တဲ့ ရီနိုနဲ့ဗီးဂတ်စ်တို့ဟာ နီဗားဒါးမြို့မှာ မြေကွက်လေးဝယ်ပြီး အရက်ဆိုင်ဖွင့်မယ်ဆိုတဲ့စိတ်ကူးနဲ့ ထွက်လာခဲ့ရာက လမ်းခုလတ်အရောက်မှာ ဓားပြတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ရီနိုရဲ့လက်ချက်နဲ့ ဓားပြတွေအားလုံး သေဆုံးသွားခဲ့ပါတယ်။ ရီနိုက အလောင်းတွေကိုပစ်မထားခဲ့ချင်တဲ့အတွက် လှည်းနဲ့ဆွဲလာခဲ့ပြီး မြို့တစ်မြို့မှာ ခရီးတစ်ထောက်ဝင်နားခဲ့ပါတယ်။ ဖြစ်ချင်တော့ ရီနိုသတ်လိုက်တဲ့ဓားပြတွေထဲက တစ်ယောက်ဟာ မြို့တော်ဝန်ဘစ်ရှော့ရဲ့ညီလေးဖြစ်နေပါတယ်။ အဲဒီတော့ ရီနိုနဲ့ဗီးဂတ်စ်တို့တာ မျှော်လင့်မထားတဲ့ပြဿနာတွေကြားမှာ ဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (18+ ဇာတ်ဝင်ခန်းအချို့ ပါဝင်ပါတယ်။) ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း