ဇာတ်ကားများ ရွေးရန်

The Royal Hotel

2023ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးက ဇာတ်လမ်းအဆုံးကို သိချင်စိတ်နဲ့ ဖြည်းဖြည်းချင်းဆွဲခေါ်သွားမယ့် Thriller အမျိုးအစားဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်ခရီးသွားတွေဖြစ်တဲ့ လစ်ဖ်နဲ့ဟန်နာတို့ဟာ ခရီးထွက်ရင်း ပိုက်ဆံပြတ်သွားတော့ အလုပ်တွေလိုက်ရှာရပါတော့တယ်။ ဒီလိုနဲ့ အေဂျင်စီတစ်ခုရဲ့ချိတ်ဆက်ပေးမှုကြောင့် ဩစတေးလျနိုင်ငံထဲက ဝေးလံခေါင်သီတဲ့ နေရာတစ်ခုမှာဖွင့်ထားတဲ့ အရက်ဆိုင်မှာ အလုပ်လုပ်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီနေရာက သတ္တုတွင်းကြီးတစ်ခုနားမှာဖြစ်ပြီး အများစုကတော့ စရိုက်ကြမ်းတဲ့ သတ္တုတွင်းအလုပ်သမားတွေပေါ့။ လစ်ဖ်နဲ့ဟန်နာတို့ဟာ ရွေးချယ်စရာမရှိတော့လို့ ဒီအလုပ်ကို သည်းခံပြီးလုပ်ရင်း ပိုက်ဆံရတာနဲ့ထွက်မယ်လို့ စဉ်းစားထားခဲ့ပေမယ့် တကယ်တမ်း အဲဒီကိုရောက်သွားတော့ သူတို့ထင်သလိုမဟုတ်ခဲ့ပါဘူး။ အဲဒီတော့ ငယ်ရွယ်ချောမောတဲ့မိန်းမလှလေးနှစ်ယောက်ဟာ ဝေးလံခေါင်သီတဲ့နေရာက အရက်ဆိုင်လေးမှာအလုပ်လုပ်ရင် ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံတွေ့ရမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုခံစားရမှာပါ။ (Nude Sense တချို့နဲ ကြမ်းတမ်းတဲ့စကားလုံးအသုံးအနှုန်းတွေကြောင့် မိသားစုနဲ့အတူမကြည့်သင့်ပါဘူး) ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း