ဇာတ်ကားများ ရွေးရန်

Sister Death

2023ဇာတ်ကားWeb-dl 1080p

The Nun လို Vibe မျိုးကိုခံစားရစေမဲ့ စပိန်သီလရှင် Horror ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။သီလရှင်ဆိုပေမဲ့လဲ The Nun တို့ Universe နဲ့လုံးဝမသက်ဆိုင်ပဲနဲ့ 2017 တုန်းကထွက်ရှိခဲ့တဲ့ Veronica ဆိုတဲ့ဇာတ်ကားထဲမှာပါဝင်တဲ့မျက်လုံးကွယ်နေတဲ့သီလရှင်ကြီးရဲ့ဇာတ်ကြောင်းကိုတင်ဆက်ထားတာပဲဖြစ်ပါတယ်။IMDb မှာ Rating 5.8 ရရှိထားပြီးကြည့်ရတာမဆိုးဘူးဆိုတဲ့ထဲမှာပါပါတယ်။နာကီဆာလို့ခေါ်တဲ့စစ္စတာတစ်ယောက်ကစစ်ပွဲတုန်းကပျက်စီးသွားခဲ့ပြီးဆင်းရဲနွမ်းပါးတဲ့မိန်းကလေးတွေအတွက်ကျောင်းတစ်ကျောင်းအဖြစ်ပြန်လည်တည်ဆောက်ထားတဲ့သီလရှင်ကျောင်းတစ်ကျောင်းမှာစာသင်ပေးဖို့အတွက်ရောက်ရှိလာခဲ့ပါတယ်။စစ္စတာနာကီဆာကငယ်စဉ်ကမယ်တော်မာရိနဲ့ပတ်သတ်တဲ့အံ့သြဆန်းကြယ်ဖွယ်ရာအရာတွေကိုကြုံတွေ့ခဲ့ရပြီးနာမည်ကြီးခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ကျောင်းမှာစာသင်နေရင်းနဲ့ကလေးတွေပြောပြတဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အရာတစ်ခုကိုကြားခဲ့ပြီးရနောက်မှာစစချင်းတုန်းကတော့စစ္စတာနာကီဆာကမယုံကြည်ခဲ့ပါဘူး။ဒါပေမယ့်သူကိုယ်တိုင်အဲ့ဒီအရာကိုစမ်းသပ်ကြည့်ပြီးတဲ့နောက်မှာတော့ဘယ်လိုကြောက်မက်ဖွယ်ရာကောင်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေကိုကြုံတွေ့ရမလဲဆိုတာကြည့်ရှုရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း