Átjáróház
ဟန်ဂေရီတွေရဲ့ထူးထူးဆန်းဆန်းယုံကြည်မှုကို တွေ့ရမယ့် ဝိညာဉ်ကားဖြစ်ပါတယ်။ မွေးကင်းစအရွယ် ဆေးရုံမီးလောင်မှုမှာ ကယ်တင်ခံရပြီး ကယ်ပေးသူအဘွားနဲ့ ကြီးပျင်းလာတဲ့ ခရစ္စတီရန်... သူငယ်ချင်း အာဂီကို ချစ်မိသွားပြီး ပြန်ချစ်အောင် ကြိုးစားပေမယ့် အာဂီက သူ့ကိုစိတ်မ၀င်စားပါဘူး။ တစ်နေ့မှာ ခရစ္စတီရန်က Half Way Home ဆိုတဲ့ အလောင်းတွေ မီးသဂြိုလ်တဲ့နေရာမှာ ညစောင့်အလုပ်ရပါတယ်။ ပထမဆုံးညမှာပဲ ဝိညာဉ်တွေထွက်လာပြီး သူတို့၀ိညာဉ်တွေကို နတ်ဆိုးက မစားသုံးခင် နောက်ဆံတင်းနေတဲ့ ကိစ္စတွေ အကူအညီတောင်းတဲ့အခါ... သူချစ်ရတဲ့ အာဂီကပါ မတော်တဆမှုနဲ့ သေသွားပြီး ဒီနေရာကိုရောက်လာတဲ့အခါ...အာဂီကို ထုတ်ပေးဖို့ လူ့လောကကို ပြန်ခေါ်ဖို့ အစီအရင်လုပ်ပုံ နတ်ဆိုးကို အနိုင်ယူပုံတွေကို စိတ်၀င်တစား ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း