ဇာတ်ကားများ ရွေးရန်

Jawan

2023ဇာတ်ကားWeb-dl 4K SDR

ollywood Kingရှာရွတ်ခန်းရဲ့ကိုယ့်စံချိန်ကိုယ်ပြန်ကျော်တက်ပြီး ရုံတင်ရက်၁၃ရက်နဲ့တင် ကမ္ဘာတစ်ဝှမ်းကုဋေကိုးရာကျော်အထိရရှိခဲ့တဲ့ ရှာရွတ်ခန်း၂ကိုယ်ခွဲကားကိုတင်ဆက်ပေးလိုက်ပါတယ်...... ဒီကားထဲမှာတော့ရှာရွတ်ခန်းအပြင် အိန္ဒိယမင်းသမီးတွေထဲထိပ်တန်းဖြစ်နေတဲ့ဒီပီးကားလည်းပါပြီး မင်းသမီးငယ်ငယ်ချောချောလေးတွေလည်း ပါတာမို့သူတို့သရုပ်ဆောင်ချက်တွေရုပ်ရည်တွေနဲ့တင် ကြည့်ရတာတန်နေပြီနော်.... ဇာတ်လမ်းကတော့ အများပြည်သူသုံးမြေအောက်ရထားကို ပြန်ပေးဆွဲအပိုင်စီးထားကြတဲ့ ဗီကရမ်ရာသောနဲ့ အမျိုးသမီး၆ယောက်နဲ့စတင်ပါတယ်.... သူတို့လုပ်ရက်တွေကအကြမ်းဖက်သလိုဖြစ်နေပေမဲ့ သူတို့ရည်ရွယ်ချက်ကအများပြည်သူကောင်းစားဖို့အတွက်ပဲ ဖြစ်နေတဲ့အခါမှာတော့ ပြည်သူတွေကပါ ဗီကရမ်ကိုထောက်ခံအားပေးကြပါတော့တယ်..... တကယ်တော့ဗီကရမ်ဟာလည်း သာမန်လူ၁ယောက်မဟုတ်ပဲ အမျိုးသမီးအကျဉ်းထောင်ရဲ့ထောင်မှူးတစ်ယောက်ဖြစ်နေချိန်မှာတော့ သူ့ကိုဖမ်းဖို့လိုက်ရှာနေတဲ့သူတွေရှာတွေ့ပါ့မလား..... အဲ့ထဲကမှသူ့ကိုဖမ်းဖို့လိုက်ရှာနေတဲ့ ရဲမေနာမာဒါနဲ့ မှ ဗီကရမ်တစ်ယောက် ချစ်ကြိုးသွယ်သွားချိန်မှာတော့ သူ့ဇာတ်ရုပ်ကိုဖုံးထားဖို့ဘယ်လိုတွေကြိုးစားကြမလဲ.... ဗီကရမ်ဒီလိုတွေလုပ်နေတဲ့နောက်ကွယ်က အကြောင်းရင်းကရောဘာဖြစ်နေမလဲ.......... စသဖြင့်ဇာတ်ကားတစ်လျှောက်မှာအက်ရှင်တွေချည်းမဟုတ်ပဲ နိုင်ငံရေးနဲ့ပတ်သက်ပြီးမက်ဆေ့ချ်ပေးထားတာတွေ လူ့အသိုင်းဝိုင်းမှအမှောင်ချခံထားရတဲ့ ကိစ္စတွေကိုမီးမောင်းထိုးပြထားတာမို့ ခံစားမှုရသစုံလင်စွာနဲ့ကြည့်ရှူ့ရမှာဖြစ်ပါတယ်.... ဒီကားအညွှန်းနဲ့ဘာသာပြန်သူကတော့ Khin Khin ဖြစ်ပါတယ်.....

ဇာတ်လမ်းအကြောင်း