ဇာတ်ကားများ ရွေးရန်

Fingernails

2023ဇာတ်ကားအမှတ် 6/10Web-dl 1080p

ဒီဇာတ်ကားလေးက Drama, Romance, Sci-Fi အမျိုးအစားဖြစ်ပြီး အချစ်ဆိုတဲ့အရာကို စိတ်ကူးယဉ်ဆန်ဆန်ပုံဖော်ထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အန်ဒီနဲ့ရိုင်ယန်ဟာ အရမ်းချစ်ကြတဲ့ ချစ်သူတွေဖြစ်ပြီး တိုက်ခန်းတစ်ခန်းမှာ အတူတူနေကြပါတယ်။ သူတို့ဟာ အချစ်အဖွဲ့အစည်းမှာ စမ်းသပ်မှုလုပ်ပြီး ပေါ့စတစ်ရလဒ်ရရှိထားတဲ့ ရှားပါးစုံတွဲလေးပေါ့။ အန်နာဟာ အလုပ်တွေလိုက်ရှာရင်းနဲ့ တစ်နေ့မှာတော့ အချစ်အဖွဲ့အစည်းကနေ အလုပ်လုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ သူအစကတည်းက အရမ်းလုပ်ချင်နေတဲ့အလုပ်ဖြစ်တဲ့အတွက် ဘာမှမစဉ်းစားပဲ လက်ခံလိုက်ပါတယ်။ အချစ်အဖွဲ့အစည်းရဲ့လုပ်ဆောင်ချက်တွေကတော့ စုံတွဲတွေကို လေ့ကျင့်ရေးတွေ၊ စမ်းသပ်မှုတွေလုပ်ဆောင်ခိုင်းပြီး တစ်ယောက်နဲ့ဘယ်လောက်ချစ်လဲဆိုတာကို လေ့လာတာပါ။ စမ်းသပ်မှုရဲ့နောက်ဆုံးအဆင့်ကတော့ လက်သည်းခွံကိုခွာယူပြီး စက်နဲ့စမ်းသပ်စစ်ဆေးတာပါပဲ။ လူအမျိုးမျိုး စိတ်အဖုံဖုံဆိုတဲ့အတိုင်းပဲ တစ်ချို့တွေက ပေါ့စတစ်ရလဒ်ထွက်ပေးမယ့် ပြန်စမ်းသပ်တာမျိုးတွေလည်းရှိပါတယ်။ အဲဒီတော့ ပေါ့စတစ်ရလဒ်ထွက်ထားတဲ့ အန်နာတို့အတွဲကရော ဘာပြောင်းလဲမှုမှမရှိပဲ သာယာပျော်ရွှင်ရတဲ့အချစ်ခရီးလမ်းဖြစ်မလား။ ဒါမှမဟုတ် အပြောင်းအလဲတွေနဲ့ ရင်ဆိုင်ရပြီး ဝမ်းနည်းစရာကောင်းတဲ့အချစ်ဇာတ်လမ်းလေးဖြစ်မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း