ဇာတ်ကားများ ရွေးရန်

Quiz Lady

2023ဇာတ်ကားWeb-dl 1080p

Sandra Oh လည်းကြိုက်၊ Aqwafina လည်းကြိုက်ရင်တော့ ပြုံးပြုံးကြီး ကြည့်ရမယ့်ကားပေ့ါဗျာ။ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ ဒီဟာသကားအသစ်မှာ Will Ferrell နဲ့ Jason Schwartzman တို့ကလည်း ဇာတ်ပို့အဖြစ် ပါဝင်ထားပါသေးတယ်။ တစ်ယောက်တည်း နာကျင်နေရတဲ့ အန်းဟာ ပဟေဠိဂိမ်းအစီအစဉ်တစ်ခုကို စွဲစွဲမြဲမြဲ အားပေးရင်း ပဟေဠိဖြေရတာကို ကျွမ်းကျင်လာတဲ့သူပါ။ ဒုက္ခပေးတဲ့ အမေက ထားခဲ့တဲ့ အကြွေးတွေကို ပြန်ဆပ်ပေးရဖို့ ဖြစ်လာတဲ့အခါ သူ့နံဘေးမှာ နှစ် ၂၀ လုံးလုံး အတူတူရှိခဲ့တဲ့ ခွေးကို ကြွေးရှင်က အပေါင်အဖြစ် ပြန်ပေးဆွဲသွားခဲ့ပါတယ်။ သူ့ရဲ့ ဗရုတ်သုက္ခအစ်မနဲ့ အတူတူ သူတို့အမေရဲ့ အကြွေးကို ပြန်ဆပ်ဖို့အစီအစဉ်က အန်းရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်လာပါတယ်။ ဇာတ်ကားအညွှန်းနဲ့ ဘာသာပြန်ကတော့ Masuji Ono ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း