ဇာတ်ကားများ ရွေးရန်

The Great Escaper

2023ဇာတ်ကားWeb-dl 1080p

Kingsman , Journey 2 , The Dark Knight အစရှိတဲ့နာမည်ကြီးဇာတ်ကားများစွာမှာပါဝင်ခဲ့တဲ့ Michael Caine ရဲ့နောက်ဆုံးထွက်ဇာတ်ကားဖြစ်တဲ့ The Great Escaper ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။တကယ့်အပြင်မှာဖြစ်ပျက်ခဲ့တဲ့အချစ်ဇာတ်လမ်းတစ်ခုအပေါ်မှာအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး IMDb Rating 7.2 အထိရရှိထားပါတယ်။ဇာတ်ကားအမျိုးအစားကတော့ဒရာမာအမျိုးအစားဖြစ်ပြီးအိုမင်းသွားတဲ့အချိန်အထိတိုင်အောင်ဘယ်တော့မှမပျက်စီးသွားတဲ့အချစ်တစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ဘိုးဘွားရိပ်သာမှာအတူတူနေထိုင်နေတဲ့ဘားနက်နဲ့အိုင်းရင်းဆိုတဲ့သက်ကြီးပိုင်းလင်မယားနှစ်ယောက်ကိုအတူတူတွေ့ရမှာဖြစ်ပါတယ်။ဘားနက်ကရေတပ်မှာတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့စစ်ပြန်တစ်ယောက်ဖြစ်ပြီးသူတိုက်ခိုက်ခဲ့ဖူးတဲ့ D-Day လို့ခေါ်ဝေါ်ကြတဲ့တိုက်ပွဲကြီးရဲ့နှစ်ပတ်လည်နေ့ပွဲကိုသွားဖို့နေရာမကျန်တော့တဲ့အတွက်ကျန်ခဲ့ရပါတော့တယ်။ဒီလိုနဲ့ဘားနက်လဲမိန်းမဖြစ်သူကိုပြောပြပြီးတော့သူ့အတွက်အရမ်းအရေးကြီးတဲ့ပွဲကိုသွားဖို့အတွက်နောက်နေ့မှာတိုးတိုးတိတ်တိတ်ခိုးထွက်လာခဲ့ပါတော့တယ်။အသက် ၉၀ နားကပ်နေတဲ့ဘားနက်တစ်ယောက်တစ်ဆင့်ချင်းစီသွားရင်းနဲ့နှစ်ပတ်လည်ပွဲကျင်းပတဲ့ပြင်သစ်ကိုရောက်သွားပြီးနောက်မှာတော့ မြန်မာနိုင်ငံကမီဒီယာတွေရဲ့ထုံးစံအတိုင်းသူ့ရဲ့သတင်းကလဲဟိုးလေးတကျော်ကျော်ဖြစ်သွားပါတော့တယ်။သူ့ကိုကြီးမြတ်တဲ့လွတ်မြောက်သူ (The Great Escaper) လို့ခေါ်ဆိုကြပြီးသူတစ်ယောက်တည်းသွားလာခဲ့တဲ့စွန့်စားခန်းမှာဘယ်လိုတွေကြုံတွေ့ခဲ့ရမယ် ဘာတွေလုပ်ဖြစ်ခဲ့မယ်ဆိုတာတွေအပြင် သူ့ရဲ့ဇနီးဖြစ်သူအပေါ်ထားတဲ့အချစ်တွေကိုပါမြင်တွေ့ရမဲ့ ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း