ဇာတ်ကားများ ရွေးရန်

Saptha Sagaradaache Ello - Side A

2023ဇာတ်ကားWeb-dl 1080p

မာနူးနဲ့ပရီယာတို့ဟာ တွဲလာတာလဲကြာပြီမို့ လက်ထပ်ပြီးနေဖို့ အိမ်လိုက်ရှာခဲ့ကြပါတယ်။စိတ်တိုင်းကျတဲ့အိမ်ကို တွေ့ခဲ့ပေမယ့် တတ်နိုင်တဲ့ အနေအထားမဟုတ်တာမို့ စိတ်ညစ်ခဲ့ရပါတယ်။ ပရီယာ့ကို သိပ်ချစ်တဲ့မာနူးက အလုပ်အကိုင်ကောင်းကောင်းလဲ ရှိမနေတာကြောင့် ပိုက်ဆံရဖို့ ဖြတ်လမ်းသုံးရန်အကြောင်းဖန်လာခဲ့ပါတယ်။ တခြားသူအစား‌သုံးလေးလထောင်ထဲဝင်ပေးရင် သူခြောက်လလောက်လုပ်တောင် မရနိုင်တဲ့ ပိုက်ဆံရမှာမို့ဝင်ပေးဖို့ လက်ခံလိုက်ပါတယ်။ ဒါပေမဲ့သူ့ကိုသုံးလပြည့်ရင်ထုတ်ပေးမဲ့ သူဌေးဖြစ်သူရုတ်တရက် သေဆုံးသွားတဲ့အခါ မာနူးတစ်ယောက်အခက်တွေ့လာခဲ့ပါတယ်။ သုံးလထက်ပိုကြာစွာ ခြေချူပ်မိနေနိုင်တဲ့အခြေအနေမှာ မာနူးတစ်ယောက်ဘာဆက်လုပ်မလဲ။ ပရီယာကရော မာနူးကိုနားလည်ပြီးစောင့်ပေးပါ့မလား။ ထောင်ထဲကဘဝတစ်ခုကို လိုက်ပါခံစားကြည့်ရမယ့်အပြင် အချစ်,ဝမ်းနည်းမှု,ပျော်ရွှင်မှုစတဲ့ရသစုံပါဝင်နေတာမို့ လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Aye Chan Myo ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း