ဇာတ်ကားများ ရွေးရန်

Foe

2023ဇာတ်ကားWeb-dl 1080p

လူတွေအနာဂတ်အကြောင်းရုပ်ရှင်ရိုက်ပြရင်ကမ္ဘာကြီးပျက်စီးယိုယွင်းပြီးတခြားကမ္ဘာတွေအပေါ်မှာသွားရောက်နေထိုင်ဖို့ကြိုးစားနေထိုင်တဲ့အကြောင်းရိုက်ကူးကြတာများပါတယ်။အခုတင်ဆက်ပေးမဲ့ Foe ဆိုတဲ့ဇာတ်ကားထဲမှာလဲကမ္ဘာကြီးပေါ်မှာမိုးခေါင်ခြင်းကိုခံစားနေရတာနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ပြီး နောက်မှမွေးဖွားလာတဲ့မျိုးဆက်လေးတွေဆိုရင်သူတို့ဘ၀သက်တမ်းတစ်လျှောက်လုံးမှာမိုးရွာတာကိုတောင်မမြင်ဖူးကြပါဘူး။ဒီလိုအခြေအနေတွေကိုပြုပြင်ဖို့ကြိုးစားနေတဲ့လူတွေရှိသလိုကမ္ဘာကြီးကိုစွန့်ပစ်ပြီးအာကာသထဲမှာသွားနေဖို့ကြိုးစားနေတဲ့လူတွေလဲရှိပါတယ်။ဂျူနီယာနဲ့ဟန်ဆိုတဲ့လင်မယားနှစ်ယောက်ကတော့အာကာသပေါ်မှာသွားနေဖို့စိတ်ကူးလဲမရှိသလိုလယ်တောလေးနဲ့ခြံလေးထဲမှာပဲဘ၀ကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနေကြတဲ့လင်မယားပဲဖြစ်ပါတယ်။ဒီလိုဘ၀ကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနေတဲ့လင်မယားနှစ်ယောက်ရဲ့ဘ၀ထဲကိုတစ်နေ့မှာလူတစ်ယောက်ဝင်ရောက်လာပါတော့တယ်။အဲ့ဒီလူကတော့အစိုးရကလွှတ်လိုက်တဲ့လူဖြစ်ပြီးအာကာသထဲမှာနေထိုင်ဖို့စမ်းသပ်နေတဲ့နေရာမှာနေထိုင်ဖို့အတွက်ဂျူနီယာကိုလာခေါ်တာပဲဖြစ်ပါတယ်။ဂျူနီယာတို့လင်မယားကလဲအဲ့ဒါတွေကိုအစကတည်းကအယုံအကြည်မရှိတော့လှောင်ပြောင်နေကြပေမဲ့အခုအချိန်မှာအဲ့ဒီအမိန့်ကမဖြစ်မနေစစ်မှုထမ်းရတဲ့အမိန့်လိုမျိုးဖြစ်နေတဲ့အတွက်ငြင်းဆိုလို့မရမှန်းသိသွားခဲ့ကြပါတော့တယ်။ဂျူနီယာသွားတဲ့အချိန်မှာအိမ်မှာတစ်ယောက်တည်းကျန်နေခဲ့မဲ့ဟန်အတွက်သူ့လိုမျိုးပုံတူပွားထားတဲ့သက်ရှိတစ်ယောက်ကိုပါထားထားပေးမယ်ဆိုလို့ရန်တွေတောင်ထသတ်ကြပါသေးတယ်။ဒီလိုနဲ့အခြေအနေတွေကပိုပိုရှုပ်ထွေးလာပြီးဂျူနီယာအာကာသထဲသွားရခါနီးမှာတော့ဘယ်လိုစိတ်ဝင်စားစရာအဖြစ်အပျက်တွေကိုကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း